မြန်မာ့တပ်မတော်မှညအချိန်များ၌သေနတ်ပစ်ဖောက်၍ လူထုအထိတ်တလန့်ဖြစ်အောင်ပြုလုပ်

blog

Date : 06-Apr-2020

Nyo Twan Awng

မြို့ရွာများအတွင်း၌တည်ရှိသော မြန်မာ့တပ်မတော်၏ နောက်တန်းတပ်စခန်းများအတွင်း ကျန်ရှိသောတပ်ဖွဲ့ဝင်များမှ စိုးရိမ်ကြောက်လန့်စွာဖြင့် ညအချိန်များ၌သေနတ်ပစ်ဖောက်၍ လူထုအထိတ်တလန့်ဖြစ်အောင်ပြုလုပ်

မြန်မာ့တပ်မတော်၏ထိုးစစ်များကြောင့် ရခိုင်ဒေသအတွင်း စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့သည်တိုက်ပွဲများနေ့တိုင်းဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားလျက်ရှိသောဒေသများမှ ဒေသအခြေစိုက်တပ်ရင်းများသာမက တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားခြင်းမရှိသေးသောမြို့နယ်များမှ မြန်မာ့တပ်မတော်၏ တပ်ရင်းများသည် ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်မည်ကိုစိုးရိမ်ကြောက်လန့်နေသောကြောင့် ညအချိန်များတွင် လက်နက်ကြီး၊ လက်နက်ငယ်များကို ကြောက်လန့်တကြား  မကြာခဏပစ်ဖောက်လေ့ရှိကြသည်။


မည်သည့်တိုက်ပွဲမှ မရှိသော်လည်း၎င်းတို့၏စိုးရိမ်စိတ်များကိုဖြေဖျောက်လိုသောကြောင့်  ညအချိန်မတော်သေနတ်ဖြင့် ပစ်ဖောက်လေ့ရှိသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများမှာ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်လျက်ရှိသည်။ 


၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၃) ရက်၊ ည(၇) နာရီ(၄၅) မိနစ်တွင် ရခိုင်ပြည်၊ဂွမြို့၊ အခြေစိုက်၊ ခမရ(၅၆၂) တပ်ရင်းတွင် တပ်လန့်ပြီး ကြောက်လန့်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ 


ဧပြီလ(၄) ရက်နေ့စွဲဖြင့် DVB သတင်းတွင်ဖော်ပြထားသည်မှာ "ဂွ မြို့၌ရှိသော ခမရ(၅၆၂) တပ်ရင်းအားရက္ခိုင့်တပ်တော်မှ လာရောက်ပစ်ခတ်သည်ဟု စစ်ရာဇဝတ်တပ်ဖွဲ့ဝင်တစ်ဦးမှစွပ်စွဲပြောဆိုချက် အားရေးသားဖော်ပြထားသည်ကိုတွေ့ရှိရသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါစွပ်စွဲချက်မှာလုံးဝ မှားယွင်းသည်ဟုပြောလိုပြီး မိမိတို့အနေဖြင့် ခမရ (၅၆၂) အားသွားရောက်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။


လွန်ခဲ့သောလအတွင်း၌လည်း တောင်ကုတ်အခြေစိုက် ဒေသခံတပ်ရင်းတစ်ခုမှ ယခုကဲ့သို့ တပ်လန့်မှုဖြစ်ပွားခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .