၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၅) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 15-Feb-2020

Nyo Twan Awng

ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)  ပတ်ဝန်းကျင် နှင့် ကျောက်တော်မြို့နယ်၊ ( ဝက်မကျ ရွာနှင့် တင်းမရွာအကြား) ပတ်ဝန်းကျင်များ၌အပြန်အလှန်ထိုးစစ်များဖြင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။

ရန်သူ့ဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ(၁၀) ရက်မြောက်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဖေဖော်ဝါရီ(၁၅) ရက်၊ နံနက်(၀၁) နာရီ နှင့်(၀၃) နာရီအကြားတွင် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများဖြင့်တိုက်ပွဲသည်ပြင်းထန်ခဲ့ပြီးနောက် ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုသာရှိခဲ့သည်။

မြောက်ဦးမြို့နယ်၊မောင်သာကုန်းကျေးရွာအနီး၌ နံနက်(၃) နာရီ(၂၅) မိနစ်တွင် ရန်သူ့စစ်ကား(၃) စီးထဲမှတစ်စီးအားရက္ခိုင့်တပ်တော်မှထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ အထိအခိုက်အကျအဆုံးများကိုလောလောဆယ်မသိရခဲ့ပါ။

မင်းပြားမြို့နယ်၊ဖားပြိုရွာအနီးတွင်တပ်မ(၅၅) လက်အောက်ခံ၊ ဗထူးအခြေစိုက်ခမရ(၅၀၈) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ သည် ယမန်နေ့ကတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော်လည်း ယနေ့တွင်မိမိတို့အဖို့ တိုက်ပွဲမရှိခဲ့ပေ။သို့သော်လည်း ခမရ(၅၀၈) သည် ဖားပြိုရွာအတွင်း တပ်စခန်းချထားသည့်အပြင်ရွာသူရွာသားများအားလူသားဒိုင်းကာအဖြစ် အကာအကွယ်ယူထားဆဲဖြစ်သည်။

မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ထိုးစစ်များကို အကောင်းဆုံးခုခံကာကွယ်နေသည့်အပြင်လိုအပ်လျှင်လိုအပ်သလို မြန်မာ့တပ်မတော်၏ ထိုးစစ်ဖိအားများကိုလျော့ချသွားမည်။ဒေသခံပြည်သူလူထုများကိုလက်ရဲဇက်ရဲသတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏တပ်ရင်းများနှင့်စာသင်ကျောင်းများ၊ ကျေးရွာများအတွင်းသို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်သောတပ်ရင်းများကိုအမြန်ဆုံးလက်တုံ့ပြန်တိုက်ခိုက်သွားမည်။


သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this