"ရခိုင်ပြည်၊ မင်းပြားမြို့နယ်အတွင်း စစ်ရာဇဝတ်မြန်မာ့တပ်မတော်မှ အရပ်သား(၄) ဦးအားသတ်ဖြတ်သည့်သတင်း"

blog

Date : 18-Jan-2020

Nyo Twan Awng

#Unicode ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၈) ရက်နေ့။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၇) ရက်၊ ညဉ့် တွင်သေဆုံးလျှက်တွေ့ရှိရသော (ကမ်းနီရွာ၊ အထက်ငှက်ပျောချောင်းရွာ၊ စညှင်းရွာ) စသည့် ရွာ(၃) ရွာမှ ရွာသား(၄) ဦး၏အလောင်းအား မင်းပြားမြို့နယ်၊ ဖားပြို(ချင်း)ရွာအနီးတွင် တွေ့ရှိရပါသည်။ ၎င်းသေဆုံးလျှက်တွေ့ရှိရသည့်ရွာသား ၄ ဦးမှာ မြန်မာ့တပ်မတော်မှ ရက်စက်စွာသတ်ဖြတ်ခဲ့၍သေဆုံးရခြင်းပင်ဖြစ်သည်။ စစ်ရာဇဝတ်မှုကိုထပ်မံကျူးလွန်ခြင်းပင်ဖြစ်သည်။ ယခုသေဆုံးလျှက်တွေ့ရှိရသည့်နေရာအနီးတွင် မြန်မာ့တပ်မတော်၏ အင်အား(၁၆၀) ခန့်မှ စစ်ကြောင်းတစ်ခုစခန်းချပြီးလှုပ်ရှားနေသည့်နေရာဖြစ်သည်။ ထို့အတူ ကမ်းနီရွာမှ ဆိုင်ကယ်ဖြင့် ထွက်သွားသည့် လူငယ်(၁) ဦး၏ ဆိုင်ကယ်ကိုသာတွေ့ရှိရပြီး ဆိုင်ကယ်ပိုင်ရှင်မှာလည်းပျောက်ဆုံးလျှက်ရှိနေသေးကြောင်းသိရှိရပါသည်။ နယ်ခဲျ့အစွန်းရောက် စစ်ရာဇဝတ်တပ်ဖွဲ့သည် စစ်မြေပြင်တွင် တစ်ရက်ထက်တစ်ရက်အထိနာလျှက်ရှိနေဆဲဖြစ်သောကြောင့် လူမျိုးရေးအမုန်းတရားများဖြင့် ရခိုင်ပြည်သူလူထုများအားသတ်ဖြတ်ခြင်း၊ ရခိုင်ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်တိုက်ခိုက်ခြင်းများကို ထပ်မံလုပ်ဆောင်လျှက်ရှိသည်။ ရခိုင်ပြည်သူလူထုများကို ဤကဲ့သို့သတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏ တပ်ရင်းများကို သေဆုံးသူကာယကံရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက်လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၁၈) ရက္ေန႔။ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ(၁၇) ရက္၊ ညဉ့္ တြင္ေသဆံုးလွ်က္ေတြ႕ရွိရေသာ (ကမ္းနီရြာ၊ အထက္ငွက္ေပ်ာေခ်ာင္းရြာ၊ စညႇင္းရြာ) စသည့္ ရြာ(၃) ရြာမွ ရြာသား(၄) ဦး၏အေလာင္းအား မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳ(ခ်င္း)ရြာအနီးတြင္ ေတြ႕ရွိရပါသည္။ ၎ေသဆံုးလွ်က္ေတြ႕ရွိရသည့္ရြာသား ၄ ဦးမွာ ျမန္မာ့တပ္မေတာ္မွ ရက္စက္စြာသတ္ျဖတ္ခဲ့၍ေသဆံုးရျခင္းပင္ျဖစ္သည္။ စစ္ရာဇဝတ္မႈကိုထပ္မံက်ဴးလြန္ျခင္းပင္ျဖစ္သည္။ ယခုေသဆံုးလွ်က္ေတြ႕ရွိရသည့္ေနရာအနီးတြင္ ျမန္မာ့တပ္မေတာ္၏ အင္အား(၁၆၀) ခန္႔မွ စစ္ေၾကာင္းတစ္ခုစခန္းခ်ၿပီးလႈပ္ရွားေနသည့္ေနရာျဖစ္သည္။ ထို႔အတူ ကမ္းနီရြာမွ ဆိုင္ကယ္ျဖင့္ ထြက္သြားသည့္ လူငယ္(၁) ဦး၏ ဆိုင္ကယ္ကိုသာေတြ႕ရွိရၿပီး ဆိုင္ကယ္ပိုင္ရွင္မွာလည္းေပ်ာက္ဆံုးလွ်က္ရွိေနေသးေၾကာင္းသိရွိရပါသည္။ နယ္ခဲ်႕အစြန္းေရာက္ စစ္ရာဇဝတ္တပ္ဖြဲ႕သည္ စစ္ေျမျပင္တြင္ တစ္ရက္ထက္တစ္ရက္အထိနာလွ်က္ရွိေနဆဲျဖစ္ေသာေၾကာင့္ လူမိ်ဳးေရးအမုန္းတရားမ်ားျဖင့္ ရခိုင္ျပည္သူလူထုမ်ားအားသတ္ျဖတ္ျခင္း၊ ရခိုင္ေက်းရြာမ်ားကို လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ဦးတည္တိုက္ခိုက္ျခင္းမ်ားကို ထပ္မံလုပ္ေဆာင္လွ်က္ရွိသည္။ ရခိုင္ျပည္သူလူထုမ်ားကို ဤကဲ့သို႔သတ္ျဖတ္ေနေသာ ျမန္မာ့တပ္မေတာ္၏ တပ္ရင္းမ်ားကို ေသဆံုးသူကာယကံရွင္မ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားအတြက္လက္တံု႔ျပန္တိုက္ခိုက္သြားမည္ျဖစ္သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .