၂၀၂၀ ပြည့်နှစ်၊မေလ(၄) ရက်နေ့ရခိုင်ပြည်တိုက်ပွဲသတင်း

blog

Date : 05-May-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ မေလ(၄) ရက်နေ့တွင် မိမိတို့အဖို့ ရင်ဆိုင်တိုက်ပွဲများ ကြီးကြီးမားမားမရှိသော်လည်း စစ်ရာဇဝတ်နယ်ခဲျ့အစွန်းရောက်တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်သည် မြေပုံမြို့နယ်၊စညှင်းရွာမြောက်ဖက်(၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းအားဂျက်တိုက်လေယာဉ်(၁) စီးဖြင့် နေ့လယ် (၀၃) နာရီမှ (၀၃) နာရီ(၂၀) မိနစ်ခန့်အထိ မိနစ်(၂၀) ကြာလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် ရဟတ်ယာဉ်(၁) စီးဖြင့်(၁၅) မိနစ်ကြာလာရောက်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် လက်နက်ကြီးများဖြင့် အကြိမ်(၁၀၀) ကျော် မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မြန်မာ့တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော် အပေါ်ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ မရပ်တန့်ဘဲ ဆက်လက်ရှိနေခဲ့သည်။ မြန်မာ့တက်မတော်သည်လမ်းသွားလမ်းလာအရပ်သားများအား အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ဆက်သွယ်ရေးအင်တာနက်လိုင်း၊ ဖုန်းလိုင်းများကိုဖြတ်တောက်ပြီး လူမျိုတုံးသတ်ဖြတ်ခြင်းသို့ဦးတည်သော လုပ်ရပ်များကိုလုပ်ဆောင်လျက်ရှိသည်။

 မြန်မာ့တပ်မတော်၏သတ်ဖြတ်မှုကိုစိုးရိမ်ကြောက်လန့်သောကြောင့် တိမ်းရှောင်နေကြ၍ ရွာသားများမရှိသည့် ကျေးရွာများအတွင်းရှိ လူမဲ့နေအိမ်များမှ ရွှေ၊ငွေ၊ ပစ္စည်းများကိုခိုးယူခြင်း၊ ကွဲျ၊ နွားတိရစ္ဆာန်များကိုသတ်ဖြတ်ခြင်း၊ ကျေးရွာများအား ရွာလုံးကျွတ်မီးရှို့ခြင်း စသည်တို့ကို လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ ဆက်တိုက်ပြုလုပ်လာနေခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ မေလ(၄) ရက်နေ့တွင် ၊ ညနေ(၆) နာရီခန့်တွင် ရသေ့တောင်အခြေစိုက်၊ ခမရ(၅၃၈) တပ်ရင်း နှင့် (၁) ကီလိုမီတာခန့်အကွာအဝေးရှိ"ငတောက်တူချေရွာဟောင်းနှင့်ငတောက်တူရွာသစ်" အားမီးရှို့ဖျက် ဆီးခဲ့သည်။ အိမ်ခြေ မည်ရွေ့မည်မျှ မီးလောင်ပျက်စီးသည်ကိုလောလောဆယ်မသိရသေးပါ။

ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်အပြင် Covid-19 ရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်တားဆီးရေးကာလအတွင်းတိုက်ပွဲများမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်၏ ထိုးစစ်အရှိန်မှာလျော့ကျသွားခြင်းမရှိသေးဘဲ ဆက်လက်မြှင့်တင် လျက်ရှိသောကြောင့်နောက်ထပ်တိုက်ပွဲများဆက်လက်ဖြစ်ပွားလာဖွယ်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲများရှိပါက ဆက်လက်တင်ပေးသွားပါမည်။


သတင်း နှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .