၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၀)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 10-Mar-2020

Nyo Twan Awng

၂၀၂၀ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့တွင်မီးဝဗျူဟာကုန်းသို့စစ်ကူပေးရန်လာသော  မြန်မာ့တပ်မတော်၏စစ်ကြောင်းများထဲမှ တပ်မ(၇၇) လက်အောက်ခံ၊ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊အခြေစိုက်၊ခမရ(၇) အား မြန်မာ့တပ်မတော်၏ အတွဲလိုက်ဒုံး၊လက်နက်ကြီး၊ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်စုပြုံပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အဆိုပါစစ်ကြောင်းအားရက္ခိုင့်တပ်တော်မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ 

ခမရ(၇)၏ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်ဆရာ၊ ရဲဘော်အားလုံးစုစုပေါင်း(၂၀) ဦးခန့်အားလက်ရဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းအမြောက်အမြားတို့အားသိမ်းဆည်းရမိခဲ့သည်။ထို့အတူ ရန်သူ(၂၀) ကျော်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော သူရဲကောင်းစစ်သည်တို့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ရခိုင်ဒေသအတွင်းနေထိုင်ကြသောပြည်သူလူထုများအား တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်နေသော မြန်မာ့တပ်မတော်၏တပ်ရင်း၊ တပ်ဖွဲ့များကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

တိုက်ပွဲနောက်ဆက်တွဲနှင့် အသေးစိပ်အချက် အလက်များကိုထပ်မံတင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this