၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၅/၆/၇) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 08-Apr-2020

Nyo Twan Awng

ဧပြီလ(၅) ရက်နေ့တွင် မိမိတို့အဖို့ တိုက်ပွဲကြီးကြီးမားမားမရှိသော်လည်း စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် လွန်ခဲ့သောရက်များအတွင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့အထိနာခဲ့သောနေရာများအားလက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျရွာအနောက်မြောက်ဖက်(၁) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် ဧပြီ(၆/၇) ရက်များအတွင်းနှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများ၌လည်းရန်သူသည်အထိနာခဲ့ပြီး နှစ်ဖက် Sniper သမားများစွမ်းရည်ပြိုင်သောတိုက်ပွဲများဖြစ်ခဲ့သည်။ ရက္ခိုင့်တပ်တော် Sniper သမားများလက်စွမ်းပြခဲ့ကြပြီးဧပြီ(၆/၇) နှစ်ရက်အတွင်း ရန်သူ(၈) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ့ဖက်မှ နောက်ထပ်(၁၀) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့အထိနာခဲ့သောတိုက်ပွဲလည်းဖြစ်သည်။

ဧပြီလ(၆) ရက်နေ့တွင်ရသေ့တောင်မြို့နယ်၊ ခြီရာတော်ကျေးရွာ၏အရှေ့တောင်ဖက်(၁) ကီလိုမီတာအကွာအဝေး၌လည်း မိနစ်အနည်းငယ်ကြာရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဖက်မှ(၁) ဦးကျဆုံးခဲ့သည်။ ထို့နောက်ရန်သူသည် နောက်ဆုတ်သွားပြီး ရှေ့ဆက်တိုးလာခြင်းမရှိဘဲ အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၇) ရက်နေ့၊ နံနက်(၇) နာရီ(၄၀) မိနစ်ခန့်မှစတင်ပြီး ပလက်ဝမြို့တောင်ဘက်၊ မီတာ (၁၀၀၀) ခန့် အကွာတောင်ကြော၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ်(၄၀) ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုနှင့်အတူ တိုက်ပွဲသည်ပြင်းထန်ခဲ့သည်။

ထို့အတူ ပလက်ဝမြို့နယ်၊ လောင်းကဒူးရွာ ၊အရှေ့တောင်ဘက် (၁) ကီလိုမီတာအကွာအဝေး၌လည်း တိုက်ပွဲများရှိခဲ့သည်။

ထို့ကြောင့် ရန်သူသည် နံနက်(၁၁) နာရီ မှစတင်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာပတ်ဝန်းကျင်များသို့သာမက တိုက်ပွဲနှင့်အလှမ်းဝေးသောနေရာများကိုပါ ဂျက်တိုက်လေယာဉ်(၁) စီးပေါ်မှ ရော့ကတ်၊ စက်သေနတ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြန်မာ့တပ်မတော်၏ဂျက်လေယာဉ်ပေါ်မှ ရော့ကတ်အစများမှာ ပလက်ဝတံတားအနီး ထိမှန်မှုရှိခဲ့သည့်အပြင် အရပ်သား(၁) ဦးအားထိမှန်မှုရှိခဲ့သည်။

ပလက်ဝမြို့နယ်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲ(၂) နေရာအတွင်း ရန်သူ(၁၀) ဦးခန့်အားသုတ်သင်ရှင်းနိုင်ခဲ့သည်။

သတင်း နှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .