၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၇/၁၈/၁၉)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 19-Jan-2020

Nyo Twan Awng

#Unicode ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၇/၁၈) ရက်နေ့များတွင် မိမိတို့အဖို့ ရင်ဆိုင်တိုက်ပွဲများမရှိခဲ့သော်လည်းရခိုင်ပြည်၊ မြေပုံမြို့နယ်၊ စွိချောင်းကျေးရွာ၏ မြောက်ဖက် မီတာ(၃၀၀) အကွာအဝေးရှိတောင်ကုန်း နှင့် မီတာ(၈၀၀) အကွာအဝေးရှိ တောင်တန်းများအား မြန်မာ့တပ်မတော်ဖက်မှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် တောက်လျောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဇန်နဝါရီလ(၁၇) ရက်တစ်ရက်တည်းတွင် လက်နက်ကြီး အကြိမ်အရေအတွက်(၄၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သကဲသို့ ဇန်နဝါရီလ(၁၈) ရက်နေ့တွင်လည်း အကြိမ်(၅၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာပတ်ဝန်းကျင်ဖက်တွင်လည်း မြန်မာ့တပ်မတော်ဖက်မှ တစ်ဖက်သတ်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ မိမိတို့အနေဖြင့်ယခုရက်များအတွင်းတိုက်ပွဲဖြစ်ပွားလိုခြင်းမရှိသော်လည်း မြန်မာ့တပ်မတော်ဖက်မှ မိမိတို့အား အကြိမ်ကြိမ်ရန်စတိုက်ခိုက်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၉) ရက်နေ့၊ နံနက် (၁၁) နာရီ(၃၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ ကြွေသောင်ရွာအနောက်ဘက် (၅.၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းအား ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် (၁) နာရီကျော်ကြာ(၈- ကြိမ်) ဗုံး၊ရော့ကတ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့သည်။ ထို့အတူ Drone ပေါ်မှလည်း ဗုံးကြဲတိုက်ခိုက်မှုများ၊ နှုန်းဘူးဗျူဟာ နှင့် ခလရ (၂၈၉) ၊ ခမရ(၂၁၆) တပ်ရင်းများမှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများရှိခဲ့သည်။ မြန်မာ့တပ်မတော်သည် ပလက်ဝမြို့နယ်ရှိမိမိတို့၏ ပွိုင့် (၉၀၄) တောင်ကုန်းအားနေ့လည်(၁) နာရီအချိန်မှစတင်၌လက်နက်ကြီးပစ်ကူများဖြင့် မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့နောက်နေ့လည်(၃) နာရီအချိန်တွင်နောက်ထပ်တစ်ကြိမ်ထပ်မံ၍အင်အားအလုံးအရင်းဖြင့်ဒုတိယအကြိမ်ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထိုးစစ်(၂) ကြိမ်အတွင်း ရန်သူ့ဖက်မှ မျက်မြင်(၈) ဦးသေဆုံးကာ ဒဏ်ရာရရှိသွားသူ(၇) ဦးအထက်ရှိခဲ့သည်။ထို့ကြောင့်ညနေ(၄) နာရီ(၃၄) မိနစ်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် (၁၅) မိနစ်ခန့်တစ်ကြိမ်၊ ညနေ(၅) နာရီအချိန်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် နောက်ထပ်(၈) မိနစ်ခန့် စက်သေနတ်၊ရော့ကတ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့သည်။ မြန်မာ့တပ်မတော်၏ထိုးစစ်အတွင်းမိမိတို့ဖက်မှ အလတ်စားဒဏ်ရာရသူ(၄) ဦးရှိခဲ့သည်။ ဇန်နဝါရီ(၁၉) ရက်အတွင်းမြန်မာ့တပ်မတော်ဖက်မှ လက်နက်ကြီးအကြိမ်အရေအတွက်(၁၀၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၁၇/၁၈) ရက္ေန႔မ်ားတြင္ မိမိတို႔အဖို႔ ရင္ဆိုင္တိုက္ပြဲမ်ားမရွိခဲ့ေသာ္လည္းရခိုင္ျပည္၊ ေျမပံုၿမိဳ႕နယ္၊ စြိေခ်ာင္းေက်းရြာ၏ ေျမာက္ဖက္ မီတာ(၃၀၀) အကြာအေဝးရွိေတာင္ကုန္း ႏွင့္ မီတာ(၈၀၀) အကြာအေဝးရွိ ေတာင္တန္းမ်ားအား ျမန္မာ့တပ္မေတာ္ဖက္မွ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ လက္နက္ႀကီးမ်ားျဖင့္ ေတာက္ေလ်ာက္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ဇန္နဝါရီလ(၁၇) ရက္တစ္ရက္တည္းတြင္ လက္နက္ႀကီး အႀကိမ္အေရအတြက္(၄၀) ေက်ာ္ပစ္ခတ္တိုက္ခိုက္ခဲ့သကဲသို႔ ဇန္နဝါရီလ(၁၈) ရက္ေန႔တြင္လည္း အႀကိမ္(၅၀) ေက်ာ္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေညာင္ပင္လွေက်းရြာပတ္ဝန္းက်င္ဖက္တြင္လည္း ျမန္မာ့တပ္မေတာ္ဖက္မွ တစ္ဖက္သတ္လက္နက္ႀကီးပစ္ခတ္တိုက္ခိုက္မႈမ်ားရွိခဲ့သည္။ မိမိတို႔အေနျဖင့္ယခုရက္မ်ားအတြင္းတိုက္ပြဲျဖစ္ပြားလိုျခင္းမရွိေသာ္လည္း ျမန္မာ့တပ္မေတာ္ဖက္မွ မိမိတို႔အား အႀကိမ္ႀကိမ္ရန္စတိုက္ခိုက္ခဲ့သည္။ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၁၉) ရက္ေန႔၊ နံနက္ (၁၁) နာရီ(၃၀) မိနစ္တြင္ ပလက္ဝၿမိဳ႕နယ္၊ ေျကြေသာင္ရြာအေနာက္ဘက္ (၅.၂) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းအား ဂ်က္တိုက္ေလယာဥ္(၂) စီးျဖင့္ (၁) နာရီေက်ာ္ၾကာ(၈- ႀကိမ္) ဗံုး၊ေရာ့ကတ္မ်ားျဖင့္လာေရာက္တိုက္ခိုက္ခဲ့သည္။ ထို႔အတူ Drone ေပၚမွလည္း ဗံုးႀကဲတိုက္ခိုက္မႈမ်ား၊ ႏႈန္းဘူးဗ်ဴဟာ ႏွင့္ ခလရ (၂၈၉) ၊ ခမရ(၂၁၆) တပ္ရင္းမ်ားမွလက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ျခင္း၊ အတြဲလိုက္ဒံုးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားရွိခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ ပလက္ဝၿမိဳ႕နယ္ရွိမိမိတို႔၏ ပြိဳင့္ (၉၀၄) ေတာင္ကုန္းအားေန႔လည္(၁) နာရီအခ်ိန္မွစတင္၌လက္နက္ႀကီးပစ္ကူမ်ားျဖင့္ ေျမျပင္မွထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ေန႔လည္(၃) နာရီအခ်ိန္တြင္ေနာက္ထပ္တစ္ႀကိမ္ထပ္မံ၍အင္အားအလံုးအရင္းျဖင့္ဒုတိယအႀကိမ္ထပ္မံထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ ထိုးစစ္(၂) ႀကိမ္အတြင္း ရန္သူ႔ဖက္မွ မ်က္ျမင္(၈) ဦးေသဆံုးကာ ဒဏ္ရာရရွိသြားသူ(၇) ဦးအထက္ရွိခဲ့သည္။ထို႔ေၾကာင့္ညေန(၄) နာရီ(၃၄) မိနစ္တြင္ ရဟတ္ယာဥ္(၂) စီးျဖင့္ (၁၅) မိနစ္ခန္႔တစ္ႀကိမ္၊ ညေန(၅) နာရီအခ်ိန္တြင္ ရဟတ္ယာဥ္(၂) စီးျဖင့္ ေနာက္ထပ္(၈) မိနစ္ခန္႔ စက္ေသနတ္၊ေရာ့ကတ္မ်ားျဖင့္လာေရာက္တိုက္ခိုက္ခဲ့သည္။ ျမန္မာ့တပ္မေတာ္၏ထိုးစစ္အတြင္းမိမိတို႔ဖက္မွ အလတ္စားဒဏ္ရာရသူ(၄) ဦးရွိခဲ့သည္။ ဇန္နဝါရီ(၁၉) ရက္အတြင္းျမန္မာ့တပ္မေတာ္ဖက္မွ လက္နက္ႀကီးအႀကိမ္အေရအတြက္(၁၀၀) ေက်ာ္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .