၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၄)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 07-Aug-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၄)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းမျာ

သြဂုတ်လ (၆) ရက်နေ့၌ ရေးတင်သည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း မြန်မာ့တပ်မတော်သည် ပလက်ဝမြို့နယ်အတွင်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိသည်ဟုယူဆသည့်နေရာများသို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် နေ့တိုင်းနီးပါးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ အချို့နေ့ရက်များ၌ မြန်မာ့တပ်မတော်၏ တပ်စခန်းများမှလက်နက်ကြီးပစ်ခတ်သည့်အကြိမ်အရေအတွက် စုစုပေါင်း၂၀၀ ခန့်အထိရှိခဲ့သည်။ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့ကြောင့် သြဂုတ် (၄) ရက်နေ့တွင် ပလက်ဝမြို့အတွင်းရှိ မြန်မာ့တပ်မတော်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသော ပွိုင့်-၈၂၅၊ ပွိုင့်-၉၈၂ နှင့် ခန်ခတောင်တန်းရှိ ရန်သူ့တပ်စခန်း (၁) ခုအပါအဝင် နေရာ (၃) ခုအား ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါနေရာများ၌ လှုပ်ရှားနေသော တပ်ရင်းများမှာ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည်။ နေရာ (၃) နေရာစလုံး၌ရှိသော ရန်သူများအား ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူ (၁၅) ဦးခန့်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this