မြန်မာ့တပ်မတော်၏တပ်မ(၆၆)လက်အောက်ခံတပ်ရင်းမှလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်သေဆုံး

blog

Date : 08-Sep-2020

Nyo Twan Awng

စစ်ရာဇဝတ်တပ် လူမျိုးရေးအစွန်းရောက် နယ်ချဲ့မြန်မာ့တပ်မတော်၏ တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတစ်ခုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြေပုံမြို့နယ်၊ ညောင်ခတ်ကန် (ညောင်ကန်) ကျေးရွာအတွင်း ကျရောက်သောကြောင့် ကျောင်းဆရာမ(၁) ဦး၊ ကလေး(၂) ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၅) ဦးသေဆုံးပြီး (၁၁) ဦးကျော် ထိခိုက်ဒဏ်ရာရ

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၈) ရက်နေ့

လူမျိုးရေးအစွန်းရောက် နယ်ချဲ့ မြန်မာ့တပ်မတော်သည် လူမျိုးရေးအမုန်းတရားများကို အခြေခံသောစိတ်ဖြင့် ရခိုင်ဒေသရှိ ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တမင်တကာဦးတည်တိုက်ခိုက်သောလုပ်ရပ်များကို နေ့တိုင်းရက်ဆက် လုပ်ဆောင်လျက် ရှိသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၄၉) မိနစ်တွင် မြေပုံမြို့နယ်၊ ညောင်ခတ်ကန် ( ညောင်ကန်) ကျေးရွာအတွင်းသို့ စစ်ရာဇဝတ်တပ် လူမျိုးရေးအစွန်းရောက် နယ်ချဲ့မြန်မာ့တပ်မတော်၏ တပ်မ (၆၆) လက်အောက်ခံတပ်ရင်း (အမည်စုံစမ်းဆဲ) ၏  "နယ်ခြားတောင်" ၌ စခန်းချတပ်စွဲထားသည့် တပ်စခန်းတစ်ခုမှ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် အကြိမ် (၁၅) ကြိမ်ခန့် တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ညောင်ခတ်ကန်(ညောင်ကန်) ကျေးရွာအတွင်းမှ အပြစ်မဲ့အရပ်သား (၄+၁) ဦးပွဲချင်းပြီးသေဆုံးကာ (၁၁) ဦးကျော်မှာ လက်နက်ကြီးစထိမှန်၍ အသေးစား၊ အလတ်စား၊ အပြင်းစားဒဏ်ရာရရှိခဲ့သည်။

လောလောဆယ်သိရှိရသော သတင်းများအရ သေဆုံးသူ (၅) ဦးမှာ ကလေး (၂) ဦး၊ ကျောင်းဆရာမ (၁) ဦး နှင့် ပုဇွန်ကန်လုပ်သား (၁)ဦး၊ အမျိုးသမီး (၁) ဦးတို့ဖြစ်ကြသည်။ ထိုသူတို့မှာ-

(၁) ဦးချမ်းငြိမ်းသူ (ပုဇွန်ကန်လုပ်)၊ အသက် (၂၅) နှစ်၊ အဘအမည်-ဦးအောင်ကျော်ထင်၊ နေရပ်- ပေါက်တူးတောင်ကျေးရွာ။

(၂) ဒေါ်မိုးသဇင် (ကျောင်းဆရာမ) အသက် (၂၉) နှစ်၊ အဘအမည်-ဦးချမ်း၊ နေရပ်- ညောင်ကန်ကျေးရွာ။

(၃) မောင်သူရအောင် (ကျောင်းသား-ပထမတန်း၊ အသက် (၇) နှစ်၊ အဘအမည်-ဦးဖြူသီးချေ၊ နေရပ်- ညောင်ကန်ကျေးရွာ။

(၄) မသူသူဟိန်း (ကျောင်းသူ-ပထမတန်း)၊ အသက် (၇) နှစ်၊ အဘအမည်- ဦးလင်းဝင်းဇော်၊ ညောင်ကန်ကျေးရွာတို့ (၄) ဦးမှာ လက်နက်ကြီးထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။

အခြားတစ်ဦးဖြစ်သော မနှင်းယုလှိုင်၊ အသက် (၂၂) မှာ လက်နက်ကြီးအစ ဦးခေါင်းကိုထိမှန်သောဒဏ်ရာဖြင့် ကမ်းထောင်းကြီး၊ တိုက်နယ်ဆေးရုံတွင် သေဆုံးခဲ့ရသည်။ ဒဏ်ရာရရှိသူအရေအတွက်မှာ (၁၁) ဦး နှင့် အထက်ရှိခဲ့သည်။ ဒဏ်ရာရရှိသူများစာရင်းအား ဇယားဖြင့်ဖော်ပြထားပါသည်။






ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင်လည်းရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ရွာအတွင်းသို့ မညင်းတောင်ကျေးရွာအနီးရှိ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ နှင့် ဝက်၊ ကြက် တိရစ္ဆာန်အချို့အား ထိမှန်၍ ပျက်စီးမှု၊ သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this