၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၉/၂၀) ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 20-Mar-2020

Nyo Twan Awng

မတ်လ(၁၉/၂၀) ရက်နေ့များတွင် ပလက်ဝ၊"မီးဝဗျူဟာကုန်း"ပတ်ဝန်းကျင်( မီးဝတံတား ၏မြောက်ဖက်ထိပ်အနီး၌) နှင့် ခလရ(၂၈၉) ပတ်ဝန်းကျင်၌တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များအတွင်း၌တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။







(၁) ပလက်ဝအခြေစိုက်ခလရ(၂၈၉) စခန်းအတွင်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းများလာချသော မြန်မာ့တပ်မတော်၏ရဟတ်ယာဉ်(၁) စီးအား ရက္ခိုင့်တပ်တော်မှ ထိခိုက်အောင် နှင့် ထိရောက်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်။ အဆိုပါရန်သူ့ရဟတ်ယာဉ်သည် မီးခိုးတန်းလန်းဖြင့် ထွက်ပြေးသွားနိုင်ခဲ့သော်လည်းထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။ မိမိတို့ဖက်မှ မြန်မာ့တပ်မတော်၏ရဟတ်ယာဉ်အား ခလရ(၂၈၉) အနီးတတိယအကြိမ်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး မတ်လ(၁၈/၁၉/၂၀) သုံးရက်စလုံး၌ အလုံးစုံပျက်စီးအောင်မဟုတ်သည့်တိုင်ထိမှန်အောင် နှင့် ထိခိုက်အောင် ပစ်ခတ်နိုင်ခဲ့သည်။ (ပုံ-၁)


(၂)ပလက်ဝမြို့၊တောင်ဖက်(၂) ကီလိုမီတာခန့်အကွာအဝေးရှိမိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်မှနှစ်ကြိမ်တိုတိုင်ကျူးကျော်ဝင်ရောက်လာခဲ့သည်။မတ်လ(၁၉) ရက်နေ့၊ နေ့လယ်(၁၂) နာရီ(၁၅) မိနစ်တွင်တစ်ကြိမ်၊ ညနေ(၆) နာရီ(၂၀) မိနစ်တွင်လာရောက်တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူသည်တပ်လန်သွားပြီးရှေ့ဆက်မတိုးလာသောကြောင့်နှစ်ဖက်ရင်ဆိုင်အနေအထားဖြင့်ရှိခဲ့သည်။ရန်သူဖက်မှ ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သည်။


(၃) ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီမြစ်အတွင်း "သံချပ်ကာယာဉ်များ"ကိုသယ်ဆောင်လာသော စစ်ရေယာဉ်စုအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။


"မတ်လ(၂၀) ရက်တိုက်ပွဲသတင်းများ"


(၁)မတ်လ(၂၀) ရက်နေ့၊နံနက်(၉) နာရီ(၄၀) မိနစ်မှစတင်၍ မီးဝဗျူဟာကုန်း၏မြောက်ဖက်ရှိ မီးဝတံတားထိပ်အနီး၌ တစ်နာရီခန့်ကြာ (ဒုတိယနေ့အဖြစ်)တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ (ပုံ-၂)


မတ်လ(၁၉) ရက်နေ့ မီးချောင်းတံတားထက်တိုက်ပွဲအတွင်း ရန်သူ(၆) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ့ဖက်မှ (၁၀) ကျော်ထပ်မံဒဏ်ရာရရှိသည်အထိ, ရန်သူသည်အထိနာခဲ့သည်။ ရန်သူ့အလောင်း(၃) လောင်းမှာ မီးဝတံထားပေါ်၌ကောက်သူမဲ့အဖြစ်ဆက်လက်ရှိနေဆဲဖြစ်သည်။


ရန်သူသည် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တစ်နာရီကျော်ကြာလှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရော့ကတ်၊စက်သေနတ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူသည်အထိအခိုက်အကျအဆုံးအချို့ရှိခဲ့သောကြောင့် ရှေ့ဆက်မလိုက်ဝံ့ဘဲ လက်နက်ကြီး နှင့်လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများကိုသာပြုလုပ်နေခဲ့သည်။


(၂)ရသေ့တောင်မြို့နယ်၊သာစည်ကုန်းကျေးရွာ၊ အရှေ့ဖက်တောင်တန်းတွင်လည်း မတ်လ(၂၀) ရက်၊ညနေ(၅) နာရီ(၁၅)မိနစ်ခန့်တွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။မိမိတို့ဖက်မှ အလတ်စား ဒဏ်ရာရသူ(၁) ဦးမှလွဲ၍ ပြောပလောက်သောထိခိုက်မှုမရှိခဲ့ပါ။



(၃)မတ်လ(၂၀) ရက်၊ ညနေ(၃) နာရီ(၁၀) မိနစ်ခန့်အချိန်မှစတင်၍မြန်မာ့တပ်မတော်သည် တိုက်ဂျက်လေယာဉ်(၁) စီးဖြင့် မြောက်ဦးမြို့ ၊လေညှင်းတောင် အနောက်ဘက်တောင်တန်း အားလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဂျက်လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေညှင်းတောင်၏ အစိတ်အပိုင်းအချို့၌ မီးလောင်ကျွမ်းမှုများရှိခဲ့သည်။ အရပ်သားများနှင့် ကျေးရွာထိခိုက်မှုကိုလောလောဆယ်မသိရသေးပါ။ 


ကျောက်တော်မြို့နယ်၊ ခပေါ်လမ်းခွဲ အနီး၌ လည်း မီးဝဗျူဟာကုန်းဖက်မှ စစ်ကူပေး၍ပြန် လှည့်လာသော စစ်ကား(၅) စီးပါစစ်ယာဉ်တန်းထဲမှ (၂) စီးအား ရက္ခိုင့်တပ်တော်ဖြတ်တောက်ရေးစစ်ကြောင်းမှ အကောင်းဆုံးဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူ့အလောင်း(၂) လောင်း၊ ရန်သူ့သေနတ်(၃) လက်တို့အား စစ်ကား(၂) စီးနှင့်အတူသိမ်းဆည်းရမိခဲ့သည်။ စစ်ကား(၂) စီးစလုံးအား သွားလာ၍မရအောင် ပြုလုပ်ခဲ့သည်။ 


တိုက်ပွဲများနှင့် စစ်ရာဇဝတ်တပ်ဖွဲ့အားကြောက်လန့်၍တိမ်းရှောင်နေကြ၍ရွာသူရွာသားများမရှိသောလူမဲ့ရွာများမှ ခိုးယူလာသည့်ခိုးထည်ပစ္စည်းများအား ၎င်းကား(၂) စီးနှင့်အတူစုပေါင်းကာမီးရှို့ခဲ့သည်။ (မှတ်ချက်။  ။ အဆိုပါကားတန်းမှာ မြန်မာ့တပ်မတော်မှ ထုတ်ပြန်ထားသော"မင်းပြား-ကျောက်တော်ဒေသ၌ အခြေခံပညာ အထက်တန်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အပြင်စည်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများ( စစ်ကားတန်း) သာဖြစ်သည်)


(၄) ကျောက်တော်မြို့နယ်၊ ကုတားတန်မြစ်အနောက်ဘက်ကမ်း၊ တောင်ဘွေရွာအနီးရှိ ဘုန်းကြီးကျောင်းအနီးပတ်ဝန်းကျင်များသို့လည်း မတ်လ(၂၀) ရက်ညနေ(၆) နာရီ(၅၀) မိနစ် နှင့် (၇) နာရီ(၁၀) မိနစ်အချိန်များတွင် မြန်မာ့တပ်မတော်၏ဂျက်တိုက်လေယာဉ်(၁) စီးမှ ရာ့ကတ် များဖြင့် လူမျိုးရေးအမုန်းတရားများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


(၅) မြောက်ဦးမြို့၊ ပန်းမြောင်းအနီးရှိ ရန်သူ့စစ်ကြောင်းတစ်ခုအား နံနက်(၉) နာရီ(၁၀) မိနစ်၌မိမိတို့မှမိနစ်အနည်းငယ်ကြာဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အထိအခိုက်အကျအဆုံးများကိုလောလောဆယ်မသိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲများရှိပါက ထပ်မံတင်ပေးသွားပါမည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this