၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃၁) ရက်ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 01-Aug-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃၁) ရက်နေ့ ၌ ယခင်နေ့ရက်များကဲ့သို့နှစ်ဖက်တိုက်ပွဲများကြီးကြီးမားမားမရှိခဲ့ချေ။ စစ်ရာဇဝတ်ကောင် နယ်ချဲ့ မြန်မာ့တပ်မတော်သည်မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကိုလည်းကြီးကြီးမားမားမပြုလုပ်ခဲ့ချေ။

ဇူလိုင်(၃၁) ရက်၊ နံနက်(၈) နာရီ(၁၅) မိနစ်တွင် မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာ၏ အရှေ့မြောက်ဖက်(၁.၅) ကီလိုမီတာအကွာအဝေး၌ မိနစ်အနည်းငယ်ထိတွေ့မှုတစ်ခုသာရှိခဲ့သည်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာ၌ မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၃) ရက်နေ့၌သတ်ဖြတ်သွားခဲ့သော အသက်(၆၁) နှစ်အရွယ်ရှိဦးထွန်းမောင်စိန် ၏ အလောင်းအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃၁) ရက်၊နံနက်(၆) နာရီတွင် ၎င်း၏နေအိမ်-အိမ်သာကျင်းထဲတွင် မိသားစုဝင်များမှပြန်လည်တွေ့ရှိခဲ့သည်။

အဆိုပါ ချိန်ခါလီရွာမှ ရွာသူရွာသားများမှာ မြန်မာ့တပ်မတော်၏ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုအန္တရာယ်ကိုစိုးရိမ်၍ တိမ်းရှောင်နေကြသူများဖြစ်သည်။ ယခုရက်များအတွင်း မိမိရွာ( ချိန်ခါလီရွာ)သို့ပြန်လာချိန်၌ မြန်မာ့တပ်မတော်မှ သတ်ဖြတ်ပြီးအလောင်းဖျောက်ဖျက်ခြင်းခံခဲ့ရသောဦးထွန်းမောင်စိန်၏အလောင်းအားတွေ့ရှိခြင်းဖြစ်သည်။ (၁၈)ရက်အကြာမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အပြစ်မဲ့ရခိုင်ပြည်သူများကိုဦးတည်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုများကိုမြန်မာ့တပ်မတော်သည်ဗြောင်ကျကျကျူးလွန်လျက်ရှိသည်။

မြန်မာ့တပ်မတော်သည် ရခိုင်ဒေသအတွင်း ဤကဲ့သို့သောလုပ်ရပ်များကိုလူမျိုးရေးအမုန်းတရားများဖြင့်နေရာအနှံ့ပြုလုပ်နေပြီးလူမျိုးဖြုတ်ရှင်းလင်းရေးလုပ်ငန်းများကိုလည်းမြန်မာအစိုးရနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိသည်။

အခြားတစ်ဖက်တွင် မြန်မာ့တပ်မတော်သည်လယ်ကွင်းများ၊ အရပ်သားပြည်သူလူထုများပုံမှန်သွားလာသည့်လမ်းများ၌ စွန့်လွှတ်မိုင်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် ထောင်ထားပြီး ပြည်သူလူထု၏အသက်အန္တရာယ်ကိုခြိမ်းခြောက်လျက်ရှိသည်။

မြန်မာ့တပ်မတော်၏ ၎င်းတို့ကျူးလွန်နေသောလုပ်ရပ်များအား မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချသောလုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချပြီး အရပ်သားပြည်သူများထိခိုက်မှု၊ သေဆုံးမှုများမှာ မိမိတို့နှင့်သက်ဆိုင်မှု မရှိကြောင်းထုတ်ပြန်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this