၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆/၁၇/၁၈/၁၉)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 19-Mar-2020

Nyo Twan Awng

မတ်လ၊တတိယအပတ်အတွင်း၌လည်း မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့သည် အပြန်အလှန်ထိုးစစ်၊ ရက်ဆက်တိုက်ပွဲများနှင့် အတူ စစ်ရာဇဝတ်နယ်ခဲျ့သောင်းကျန်သူ မြန်မာ့တပ်မတော်၏ ပြည်သူလူထု နှင့် ရပ်ရွာ များကိုထိခိုက်နစ်နာစေမည့်လုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်ခြင်းအမှုများကို တစ်ရက်ထက်တစ်ရက်ပိုမိုအတင့်ရဲစွာလက်ရဲဇက်ရဲဗြောင်ကျ ကျ ကျူးလွန်မှုများကိုတွေ့ရှိနေရပါသည်။

မတ်လ(၁၆/၁၇/၁၈) ရက်များ၌ ယခင်နေ့များ၌တိုက်ပွဲဖြစ်ပွားခဲ့သောနေရာများ၌ ရင်ဆိုင်တိုက်ပွဲများနှင့်အတူကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ လေကြောင်း၊ လက်နက်ကြီး၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ မြန်မာ့တပ်မတော်ဖက်မှ ပစ်ခတ်တိုက်ခိုက်မှုများမရပ်မနားတောက်လျောက်ရှိခဲ့သည်။

မြန်မာ့တပ်မတော်၏ ဂျက်တိုက်လေယာဉ်၊ စစ်သဘောၤများပေါ်မှ လူမျိုးရေးအမုန်းတရားများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများသေဆုံးမှု၊ဒဏ်ရာရရှိသူများရှိခဲ့သည်။

ပလက်ဝမြို့နယ်၊မီးဝဗျူဟာကုန်းပတ်ဝန်းကျင် နှင့် မီးချောင်းတံတားပတ်ဝန်းကျင်များအား ၂၀၂၀ ပြည့်နှစ်၊မတ်လ(၁၉) ရက်၊နံနက်(၀၅) နာရီ(၅၅) မိနစ်မှ စတင်၍ အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲတစ်နာရီခန့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ 





ဤဗျူဟာကုန်းပတ်ဝန်းကျင်၌ ဖေဖော်ဝါရီလ(၅) ရက်နေ့မှစတင်ပြီး တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ မတ်လ(၁၉) ရက်နေ့ဆိုလျင် ရက်ပေါင်း(၄၀) ကျော်အထိရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ဗျူဟာကုန်းပတ်ဝန်းကျင်၌သာမက ၎င်းဗျူဟာကုန်းသို့စစ်ကူပေးရန်လာသော  မြန်မာ့တပ်မတော် ၏စစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခဲ့သည်။ 

မီးချောင်းတံတားအနီး၌နံနက်(၁၀) ခန့်မှစတင်၍တိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက်(၁၁) နာရီမှစတင်၍ ရန်သူသည် စစ်ရဟတ်ယာဉ်(၂) စီးဖြင့် (၁၂) နာရီအထိမီးချောင်းတံတားပတ်ဝန်းကျင်များသို့တစ်နာရီကြာ မရပ်မနားဆက်တိုက်လာရောက်ပစ်ခတ်တိုင်ခိုက်ခဲ့သည်။ ကျေးရွာများအနီးကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်။ ယခင်နေ့ရက်များ၌ကဲ့သို့အရပ်သားများသေဆုံး၊ဒဏ်ရာရရှိသည်ကိုလောလောဆယ်မသိရသေးပါ။


အမ်းမြို့နယ်၊ အရိုးတောင်ကျေးရွာ ၏အနောက်တောင်ဖက်ရှိတောင်တန်း၊ မြေပုံမြို့နယ်၊စညှင်းကျေးရွာ၏မြောက်ဖက်(၄.၅) ကီလိုမီတာအကွာအဝေးတောင်တန်းများအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၉) ရက်၊ကြာသပတေးနေ့၊ နေ့လယ်(၁) နာရီ(၁၀) မိနစ်မှစတင်၍ ဂျက်တိုက်လေယာဉ်(၂) စီးဖြင့်မိနစ်(၃၀) ခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ထို့အတူမြေပြင်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

မြန်မာ့တပ်မတော်၏ အတွဲလိုက်ဒုံး၊လက်နက်ကြီး၊ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်စုပြုံပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ခမရ(၇)အားရက္ခိုင့်တပ်တော်မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ 

တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော သူရဲကောင်းစစ်သည်တို့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ရခိုင်ဒေသအတွင်းနေထိုင်ကြသောပြည်သူလူထုများအား တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်နေသော မြန်မာ့တပ်မတော်၏တပ်ရင်း၊ တပ်ဖွဲ့များကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

မြန်မာ့တပ်မတော်အနေဖြင့် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများဖြင့် ရခိုင်ဒေသတစ်ခုလုံးသို့လူအင်အား၊ လက်နက်အင်အားများကိုထပ်မံဖြည့်တင်းနေသောကြောင့် နောက်နေ့ရက်များ၌လည်း တိုက်ပွဲများမှာဆက်လက်ပြင်းထန်မည့်ပုံပေါက်နေသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ကြောက်လန့်တွန့်ဆုတ်နေမည်မဟုတ်ဘဲရက္ခိုင်ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲပြီး ရက္ခိတလမ်းစဉ်အကောင်အထည်ပေါ်သည်အထိ တိုက်ပွဲဝင်သွားမည်။ လိုအပ်လျှင်လိုအပ်သလို ညီနောင်မဟာမိတ်များနှင့် ဟန်ချက်ညီခုခံကာကွယ်သွားမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this