၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက် ရခိုင်ပြည်တိုက်ပွဲသတင်း

blog

Date : 17-Dec-2019

Nyo Twan Awng

#Unicode ဒီဇင်ဘာလ(၁၆) ရက်၊ နံနက်(၆) နာရီ (၅၀) မိနစ်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ စမ်းပတီးချောင်း၊ လောင်းချောင်းရွာ(ခမီ) အနောက်ဖက်တောင်ကုန်းအနီးတွင် မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်သေဆုံးသူ(၁၀) ဦးအထက်ရှိခဲ့သည်။ ဒီဇင်ဘာလ(၁၇) နေ့တွင် မိမိတို့အဖို့တိုက်ပွဲမရှိခဲ့ပါ။ ဒီဇင်ဘာလ(၁၂) မှ (၁၅)ရက်အတွင်း ရန်သူသည် တပ်မ(၆၆) အပါအဝင် အခြားသောတပ်ရင်းများမှထုတ်နှုတ်အင်အားများပါဝင်သော တပ်ဖွဲ့ဝင်များကို ရခိုင်ဒေသအတွင်း၌ထပ်မံ၍အင်အားဖြည့်တင်းနေသောကြောင့် မကြာခင်ကာလအတွင်း ရခိုင်ဒေသ၌ လွန်ခဲ့သောနှစ်နည်းတူ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သည့်အပြင် တိုက်ပွဲနယ်မြေများမှာ ယခင်နှစ်ထက် ကျယ်ပြန့်လာနိုင်ဖွယ်ရှိသည်။ မိမိတို့အနေဖြင့် တိုက်ပွဲများယခုထက်ပိုမိုကျယ်ပြန့်ခြင်းမရှိစေရန်နှင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုမပြုလုပ်လိုသော်လည်း မြန်မာ့တပ်မတော်၏ မိမိတို့ရခိုင်ဒေသအတွင်း ပြုလုပ်နေသောစစ်ဆင်ရေးနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ လျော့ကျသွားခြင်းမရှိဘဲ အရှိန်အဟုန်မြှင့်ကာ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် မလွဲမရှောင်သာ ခုခံကာကွယ်စစ်များနှင့် ထိုးစစ်များကို စစ်ရေးလိုအပ်ချက်နှင့် ခုခံကာကွယ်စစ်တို့၏သဘောအရ တစ်ဖွဲ့ချင်း(သို့မဟုတ်) ညီနောင်မဟာမိတ်များဖြင့် လိုအပ်လျှင်လိုအပ်သလိုတုံ့ပြန်တိုက်ခိုက်သွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ဒီဇင္ဘာလ(၁၆) ရက္၊ နံနက္(၆) နာရီ (၅၀) မိနစ္အခိ်န္တြင္ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ စမ္းပတီးေခ်ာင္း၊ ေလာင္းေခ်ာင္းရြာ(ခမီ) အေနာက္ဖက္ေတာင္ကုန္းအနီးတြင္ မိနစ္အနည္းငယ္ၾကာတိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူ႔ဖက္မွ ထိခိုက္ေသဆံုးသူ(၁၀) ဦးအထက္ရွိခဲ့သည္။ ဒီဇင္ဘာလ(၁၇) ေန႔တြင္ မိမိတို႔အဖို႔တိုက္ပြဲမရွိခဲ့ပါ။ ဒီဇင္ဘာလ(၁၂) မွ (၁၅)ရက္အတြင္း ရန္သူသည္ တပ္မ(၆၆) အပါအဝင္ အျခားေသာတပ္ရင္းမ်ားမွထုတ္ႏႈတ္အင္အားမ်ားပါဝင္ေသာ တပ္ဖြဲ႕ဝင္မ်ားကို ရခိုင္ေဒသအတြင္း၌ထပ္မံ၍အင္အားျဖည့္တင္းေနေသာေၾကာင့္ မၾကာခင္ကာလအတြင္း ရခိုင္ေဒသ၌ လြန္ခဲ့ေသာႏွစ္နည္းတူ တိုက္ပြဲမ်ားပိုမိုျပင္းထန္လာႏိုင္သည့္အျပင္ တိုက္ပြဲနယ္ေျမမ်ားမွာ ယခင္ႏွစ္ထက္ က်ယ္ျပန္႔လာႏိုင္ဖြယ္ရွိသည္။ မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားယခုထက္ပိုမိုက်ယ္ျပန္႔ျခင္းမရွိေစရန္ႏွင့္ စတင္ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုမျပဳလုပ္လိုေသာ္လည္း ျမန္မာ့တပ္မေတာ္၏ မိမိတို႔ရခိုင္ေဒသအတြင္း ျပဳလုပ္ေနေသာစစ္ဆင္ေရးႏွင့္ ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားမွာ ေလ်ာ့က်သြားျခင္းမရွိဘဲ အရွိန္အဟုန္ျမႇင့္ကာ ဆက္လက္လုပ္ေဆာင္လ်က္ရွိသည္။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ မလြဲမေရွာင္သာ ခုခံကာကြယ္စစ္မ်ားႏွင့္ ထိုးစစ္မ်ားကို စစ္ေရးလိုအပ္ခ်က္ႏွင့္ ခုခံကာကြယ္စစ္တို႔၏သေဘာအရ တစ္ဖြဲ႕ခ်င္း(သို႔မဟုတ္) ညီေနာင္မဟာမိတ္မ်ားျဖင့္ လိုအပ္လွ်င္လိုအပ္သလိုတံု႔ျပန္တိုက္ခိုက္သြားမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .