၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၁)ရက်၊ဗုဒ္ဓဟူးနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 11-Mar-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၁) ရက်နေ့တွင်လည်း မီးဝဗျူဟာကုန်းသို့စစ်ကူပေးရန်လာသော  မြန်မာ့တပ်မတော်၏စစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်တို့သည် မုန့်သန်းပြင်၊ ပြိုင်းတိုင်နှင့် ဗျူဟာကုန်းပတ်ဝန်းကျင်များ၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့အတူ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ် များအတွင်း၌ လည်း တိုက်ပွဲများရှိခဲ့သည်။

မြန်မာ့တပ်မတော်သည် ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးပစ်ကူများဖြင့် တစ်နေ့လုံးမရက်မနားပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ အတွဲလိုက်ဒုံးများဖြင့်ရံဖန်ရံခါပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြိုင်းတိုင် နှင့် မုန့်သန်းပြင်ရွာများအတွင်း လက်နက်ကြီးကျည်၊ ပေါက်ကွဲအားပြင်းထန်သော မီးလောင်ဗုံးများကျရောက်ပေါက်ကွဲသောကြောင့် လူနေအိမ်အချို့မီးလောင်ပျက်စီးခဲ့သည်။ အရပ်သားအမျိုးသမီးအချို့ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများရှိခဲ့သည်။ မြန်မာ့တပ်မတော်အနေဖြင့် အထိအခိုက်အကျအဆုံးများနေသည့်အပြင် အောက်တန်းကျသောစိတ်ဓာတ်ဖြင့် လူမျိုးရေးအရအမုန်းတရားများဖြင့် ရွာများကိုရည်ရွယ်ချက်ရှိရှိဖြင့်ဦးတည်ထားတိုက်ခိုက်ခဲ့သည်။





မတ်လ(၁၀/၁၁) တိုက်ပွဲ(၂) ရက်အတွင်းတပ်မ(၇၇) လက်အောက်ခံ၊ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊အခြေစိုက်၊ခမရ(၇) မှ တပ်ရင်းမှူး-ဗိုလ်မှူးသက်နိုင်ဦး၊ ဗိုလ်ကြီးအဆင့်ရှိ ဆေးမှူးတစ်ဦး၊ အခြားဗိုလ်ကြီးတစ်ဦးအပါအဝင်စုစုပေါင်း (၃၀) ဦးခန့်အား ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သည်။ ရန်သူ(၂၀) ကျော်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထွက်ပြေးလွတ်မြောက်နေသောရန်သူများကိုလည်း အရှင်လက်ရဖမ်းဆီးမိနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။

မြန်မာ့တပ်မတော်၏ အတွဲလိုက်ဒုံး၊လက်နက်ကြီး၊ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်စုပြုံပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အဆိုပါစစ်ကြောင်းအားရက္ခိုင့်တပ်တော်မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။

(၁)၂၀၂၀ ပြည့်နှစ်၊မတ်(၁၀/၁၁) ရက်နေ့များ၌လည်းပြိုင်းတိုင်ရွာအနီးတောင်တန်းများပေါ်၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ မြန်မာ့တပ်မတော်အနေဖြင့် လေကြောင်းပစ်ကူများဖြင့် တစ်နေ့လုံးသာမက ညအချိန်များ၌ပါ မရပ်မနားလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဂျက်တိုက်လေယာဉ်ပေါ်မှရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြိုင်းတိုင်ရွာ အတွင်းလူနေအိမ်အချို့မီးလောင်ပျက်စီးခဲ့ရသည်။ အမျို

းသမီးတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားထပ်မံရှိခဲ့သည်။


(၂) မတ်လ(၁၁) ရက်၊ ညနေ(၄)နာရီ(၂၀) မိနစ်ခန့်တွင်ကျောက်တော်မြို့နယ်၊သံဖရာထောင့်ရွာနှင့်ဒက်ဖြူရွာကြားတွင်လည်းကောင်း၊ ညနေ(၀၈) နာရီ(၅၀) တွင်လည်းကောင်း တစ်ရက်တည်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

(၃) မတ်လ(၁၁) ရက်၊ ညနေ(၅) နာရီ(၃၆) မိနစ်တွင်ပုဏ္ဏားကျွန်းမြို့နယ်၊ဖက်ကျရွာမြောက်ဖက်တောင်တန်းပေါ်တွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် တိုင်းပြည်နှင့်လူမိုျးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော သူရဲကောင်းစစ်သည်တို့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ရခိုင်ဒေသအတွင်းနေထိုင်ကြသောပြည်သူလူထုများအား တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်နေသော မြန်မာ့တပ်မတော်၏တပ်ရင်း၊ တပ်ဖွဲ့များကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

တိုက်ပွဲနောက်ဆက်တွဲနှင့် အသေးစိပ်အချက် အလက်များကိုထပ်မံတင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this