၂၀၂၀ ပြည့်နှစ်၊ မတ်လ(၈)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 08-Mar-2020

Nyo Twan Awng

၂၀၂၀ ခုနှစ်၊ မတ်လ(၈) ရက်နေ့( တပေါင်းလပြည့်နေ့) တွင် ဗျူဟာကုန်းပတ်ဝန်းကျင်၌ တိုက်ပွဲအရှိန်ဆက်လက်မြင့်မားနေခဲ့သည်။ မြန်မာ့တပ်မတော်အနေဖြင့် ရဟတ်ယာဉ်(၇) စီး နှင့် ဂျက်တိုက်လေယာဉ်(၁) စီးအားတပြိုင်နက်တည်းအသုံးပြုခဲ့ရပြီးမတ်လ၏အပြင်းထန်ဆုံးနေ့တစ်နေ့လည်းဖြစ်ခဲ့သည်။ မြန်မာ့တပ်မတော် အတွက်အသေအပျောက်အများဆုံးနေ့တစ်နေ့လည်းဖြစ်ခဲ့သည်။

(၁) မြောက်ဦး နှင့် မင်းပြား မြို့နယ် အစပ်ကြား၊ မြောက်ဦး( မြောင်းဘွေချေကျေးရွာ) နှင့် မင်းပြား(ဟာရပိုင်ကျေးရွာ) အကြားတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၈) ရက်၊နံနက်(၀၃) နာရီ(၅၀) မိနစ်တွင် မြန်မာ့တပ်မတော်၏တပ်မ(၅၅) လက်အောက်ခံစစ်ကြောင်းတစ်ခုမှ မိမိတို့ရှိရာနေရာသို့ကျုးကျော်ဝင်ရောက်လာသောကြောင့် (၄၀) မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ကျုးကျော်ဝင်ရောက်လာသော စစ်ရာဇဝတ်တပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ လက်နက်ခဲယမ်းများကိုသိမ်းဆည်းမရမိခဲ့သော်လည်းရန်သူအနည်းဆုံး (၃၀) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့ထက်ပို၍များပြားနိုင်သည်။ ရန်သူသည် နေရာအနှံ့ရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


(၂) ရသေ့တောင်မြို့နယ်၊ ထီးစွဲရွာ နှင့်အောင်သာစည်ရွာအကြားတွင် နံနက်(၈) နာရီခန့် မိနစ်အနည်းငယ်ကြာထိတွေ့မှုရှိခဲ့သည်။ အထိအခိုက်မသိရခဲ့ပါ။

(၃)မတ်လ(၈) ရက်၊ နံနက်(၈) နာရီ(၃၃) မိနစ်တွင် စတင်ထိတွေ့မှုဖြစ်ပွားခဲ့သည်။ နံနက်(၁၁) နာရီခန့်တွင် ရဟတ်ယာဉ်(၃) စီး+ တိုက်ဂျက်လေယာဉ်(၁)စီးကိုအသုံးပြုကာလေကြောင်းမှတပြိုင်နက်တည်း(၁) နာရီကျော်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်နေစဉ်အတွင်း ရဟတ်ယာဉ်(၄) စီးဖြင့်စစ်အင်အား၊ ရိက္ခာတို့ဖြည့်တင်းခြင်းတို့ကိုပြုလုပ်ခဲ့သည်။ ထို့နောက်ရန်သူသည် မုန့်သန်းပြင်ရွာ နှင့် ရွာသူရွာသားများအား အကာအကွယ်ယူ၍တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်ရွာသူ၊ရွာသားအချို့မှာ တိုက်ပွဲအတွင်းကြားညပ်ခဲ့ရပြီး လူနေအိမ်အချို့မီးလောင်ပျက်စီးခဲ့သည်။

(၄) မတ်လ(၈) ရက်နံနက် (၁၁) နာရီ(၂၀) မိနစ်တွင်လည်း ပြိုင်းတိုင်နှင့် တင်းမရွာအနီးပတ်ဝန်းကျင်များသို့ ရန်သူသည် စစ်ကူပေးရန်အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။ 

ယနေ့တိုက်ပွဲများအတွင်း၌ တိုင်းပြည်နှင့် လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ရသော အာရက္ခစစ်သည်အချို့ရှိခဲ့သည်။ 

တိုက်ပွဲများအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော သူရဲကောင်းစစ်သည်တို့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this