WHO ဝန်ထမ်း(၂) ဦးအား မြန်မာ့တပ်မတော်မှ ပစ်ခတ်မှုကြောင့်တစ်ဦးဒဏ်ရာရတစ်ဦးသေဆုံး

blog

Date : 22-Apr-2020

Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၁) ရက် 


Covid-19 ကိုရိုနာကူးစက်မြန်ကပ်ရောဂါအား တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်စုစည်းညီညွတ်စွာရင်ဆိုင်နေ ကြသည့်အကျပ်အတည်းအချိန်ကာလအား မြန်မာ့တပ်မတော်သည် အခွင့်ကောင်းယူပြီး တိုက်ပွဲများကိုမရပ်တန့်သေးသည့်အပြင်ထိုးစစ်များကို အရှိန်အဟုန်မြှင့်စွာဆက်လက်ပြုလုပ်နေခြင်း၊ အရပ်သားပြည်သူလူထုအား လက်နက်ကြီးများဖြင့် တမင်တကာ ပစ်ခတ်သတ်ဖြတ်နေခြင်း၊ဖမ်းဆီးခြင်းစသည်တို့ကို ဗြောင်ကျကျကျူးလွန်ဖောက်ဖျက် လျက်ရှိသည်။


ကမ္ဘာ့ကုလသမဂ္ဂ( UN) မှ Covid-19 ကိုရိုနာကူးစက်မြန်ကပ်ရောဂါ အားတိုက်ဖျက်ရေးတွင် အထောက်အကူပြုစေရန် ပဋိပက္ခဖြစ်ပွားနေသောအဖွဲ့အစည်းများ ယခုကာလအတောအတွင်းပစ်ခတ်တိုက်ခိုက်မှုရပ်တန့်ထားကြရန် ကြေညာထားသော်လည်း မြန်မာ့တပ်မတော် သည် အလေးမထား၊ ဂရုမစိုက်ဘဲ ရက္ခိုင့်တပ်တော်အား ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 


တစ်ကမ္ဘာလုံး ကိုရိုနာကူးစက်ရောဂါအား ရင်ဆိုင်နေကြရသည့်အချိန်အတွင်းမြန်မာနိုင်ငံ၌ Covid-19 ကိုရိုနာကူးစက်မြန်ကပ်ရာဂါအားတိုက်ဖျက်ရေး၊ ကြိုတင်ကာကွယ်ရေးတို့ကိုအထောက်အကူပြုစေရန် အတွက်ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ဧပြီလ(၁) ရက်မှ (၃၀) ရက်နေ့အထိ ထပ်မံသက်တမ်းတိုးခဲ့သည်။


မင်းပြားမြို့နယ်၊ ဖားပြိုရွာတောင်ဖက်(၁) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်သည်  အင်အား(၂၈၀) ခန့်ပါစစ်ကြောင်းဖြင့် မိမိတို့အားနှစ်ဖက်ညှပ်၍၂၀၂၀ ပြည့်နှစ်၊ဧပြီလ(၂၀)ရက် နံနက်(၈)  နာရီ(၅၂) မိနစ်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် တစ်နေ့လုံးနီးပါးတိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်၌ အင်အားမလုံလောက်သောကြောင့်အမျိုးသမီးတပ်ဖွဲ့ဝင်များပါ တိုက်ခိုက်လျက်ရှိကြောင်းသိရှိရသည်။ ညနေ(၄) နာရီနောက်ပိုင်း၌ ကြိုကြား    ကြားပစ်ခတ်တိုက်ခိုက်မှုသာရှိခဲ့သည်။


ညနေ(၅) နာရီ(၄၀) မိနစ် အချိန်၌ WHO ( ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ဝန်ထမ်း(၂) ဦးပါ ကားတစ်စီးသည် ရာမောင်တံတားအားဖြတ်သန်းရန်အတွက်၎င်းတံထားထိပ်ရှိ မြန်မာ့တပ်မတော်၏ တပ်စခန်းတွင်ခွင့်ပြုချ က်တောင်းခံခဲ့သည်။ အဆိုပါ WHO ဝန်ထမ်း(၂) ဦးမှာ Coronavirus သံသယရှိသောသူများ၏ Swabs  နမူနာများကိုယူဆောင်၍ ရန်ကုန်သို့ပို့ဆောင်ရန်အတွက် တာဝန်ဖြင့်ခရီးသွားလာခြင်းဖြစ်သည်။


ထို WHO ဝန်ထမ်း(၂) ဦးသည် အဆိုပါ မြန်မာ့တပ်မတော်၏ ရာမောင်တံတားထိပ်တပ်စခန်းမှ ခွင့်ပြုချက်ရ၍ ရာမောင်တံတားအားဖြတ်သန်းနေစဉ်အတွင်း ခွင့်ပြုလိုက်သော မြန်မာ့တပ်မတော်၏တပ်စခန်းမှ လက်နက်ငယ်ဖြင့်ပစ်ခတ်သည့်အပြင် ကားဖြတ်သန်းရာဝဲယာတစ်လျောက် နေရာယူထားသော မြန်မာ့တပ်မတော်၏ တပ်ဖွဲ့ဝင်များ နှင့် ကားလမ်းနံဘေးရှိစက်ရုံ၌ရှိသော မြန်မာ့တပ်မတော်၏တပ်ဖွဲ့ဝင်များမှ တောက်လျောက်ပစ်ခတ်ခဲ့သောကြောင့် အဆိုပါဝန်ထမ်းနှစ်ဦးမှာ သေနတ်ကျည် ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင်WHO ဝန်ထမ်းနှစ်ဦးစီးလာသော ကားမှာ လမ်းဘေး၌ထိုးရပ်သွားခဲ့သည်။ 








ကားလမ်းနံဘေးရှိစက်ရုံ၌ မြန်မာ့တပ်မတော်မှ စခန်းချတပ်စွဲထားခဲ့သည်မှာကာလအတန်ကြာပြီဖြစ်သည်။ ယခုအခင်းဖြစ်ပွားရာနေရာသည် မြန်မာ့တပ်မတော်၏ စခန်းချတပ်စွဲထားသောနေရာ အတွင်း၌သာဖြစ်သည်။


ဤကဲ့သို့ဖြစ်ပျက်ပြီးမကြာမီ လမ်းဘေး၌ထိုးကျနေသော WHO အမှတ်တံဆိပ်ပါကားအားရက္ခိုင့်တပ်တော်မှ တွေ့မြင်၍ အဆိုပါ WHO ဝန်ထမ်း(၂) ဦးအား ကားအတွင်းမှ မိမိတို့ကယ်တင်ခဲ့သည်။ ထို့နောက်(First Aid) ရှေးဦးသူနာပြုစုနည်းဖြင့်အတတ်နိုင်ဆုံးကုသပြီး "မင်းပြား" ပြည်သူ့ဆေးရုံသို့ ဒေသခံပြည်သူလူထုများ၏အကူအညီဖြင့်ပို့ပေးခဲ့ပါသည်။



မြန်မာ့တပ်မတော်၏ ဖားပြိုရွာအနီးတောင်ကုန်း၊ကျိန်းတောင်နှင့် ရာမောင်တံတားထိပ်များမှနေ၍ လက်နက် ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မင်းရွာအတွင်း သို့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက် နံနက်(၁၁) နာရီ(၄၅) မိနစ်၌လည်းကောင်း၊ ထောင့်ချေရွာအတွင်းသို့နေ့လယ်(၁) နာရီ(၁၅) မိနစ်၌လည်းကောင်း၊ မြစ်နားရွာအတွင်းသို့နေ့လယ်(၁) နာရီ(၃၀) မိနစ်၌လည်းကောင်း အသီးသီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့်၎င်းရွာများမှအပြစ်မဲ့ရွာသူ၊ရွာသား(၁)ဦး သေဆုံးကာ(၅) ဦးဒဏ်ရာရသူများရှိခဲ့သည်။  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက်၊ တစ်နေ့လုံးနီးပါး မြန်မာ့တပ်မတော်သည်လက်နက်ကြီးများဖြင့် ရွာများအတွင်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


နောက်ဆက်တွဲသိရှိရသည်မှာ ထိုဝန်ထမ်းနှစ်ဦးအနက်မှ တစ်ဦးဖြစ်သော ယာဉ်မောင်း ဦးပြည့်စုံဝင်းအောင် မှာ ညသန်းခေါင်(၁၂) နာရီကျော်တွင် မင်းပြားဆေးရုံ၌ မြန်မာ့တပ်မတော်မှ ပစ်ခတ်၍ထိမှန်သော ကျည်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်းသိရှိရပြီး အခြားတစ်ဦးဖြစ်သော ဦးအောင်မျိုးဦးမှာလည်း အလတ်စားဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ မြန်မာ့တပ်မတော်မှ ပစ်ခတ်သောကျည်သည် ဦးပြည့်စုံဝင်းမောင်၏ ခန္ဓာအားထိမှန်ခဲ့ခြင်းဖြစ်သည်။ 


ကျည်ဆံထိမှန်သောသူ နှင့် ၎င်းတို့၏ကားပေါ်မှ ကျည်ဆံထိမှန်ရာများကို စစ်ဆေးကြည့်ပါက မြန်မာ့တပ်မတော်၏ ကျည်ဆံဖြစ်ကြောင်းသိရှိနိုင်ပါသည်။ ဦးပြည့်စုံဝင်းမောင်အား မိမိတို့ကယ်တင်ချိန်၌ သူ့တွင်သွေးထွက်လွန်၍ သတိမေ့မြောနေပြီဖြစ်သည်။


WHO ဝန်ထမ်းသေဆုံးရခြင်းနှင့်ပတ်သက်၍ အဆိုပါကိစ္စမှာမိမိတို့အဖွဲ့အစည်း နှင့် "လုံးဝ" သက်ဆိုင်ခြင်းမရှိဘဲ မြန်မာ့တပ်မတော်၏ မင်းပြားမြို့နယ်၊ ရာမောင်တံတားထိပ်၌ တပ်စွဲထားသော စစ်ဆေးရေးဂိတ်နှင့် ကားကားဖြတ်သန်းရာဝဲယာတစ်လျောက် နေရာယူထားသော မြန်မာ့တပ်မတော်၏ တပ်ဖွဲ့ဝင်များနှင့် ကားလမ်းနံဘေး၌ရှိသော မြန်မာ့တပ်မတော်၏တပ်ဖွဲ့ဝင်များမှ  ပစ်ခတ်၍ တစ်ဦးသေဆုံးရခြင်း၊ တစ်ဦးဒဏ်ရာရခြင်းသာဖြစ်သည်။ ဤလုပ်ရပ်မှာ မြန်မာ့တပ်မတော်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သောလုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ 


အဖ-ဦးဝင်းမောင်ဦး ၏သားဖြစ်သူ WHO ဝန်ထမ်း ဦးပြည်စုံဝင်းမောင်၊ အသက်(၂၉) နှစ်၊

သေဆုံးရခြင်းနှင့် ပတ်သက်၍ ရက္ခိုင်အမိုျးသားအဖွဲ့ခုျပ်/ ရက္ခိုင့်တပ်တော်အနေဖြင့် မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။





အဆိုပါ WHO ဝန်ထမ်း(၂) ဦး နှင့်ပတ်သက်သော သတင်းကို ရက္ခိုင့်တပ်တော်၊ သတင်းနှင့် ပြန်ကြားရေး ၌ (Link :  https://bit.ly/3anQWNx  ) ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက်၊ ည(၁၁) နာရီ(၀၅) မိနစ်တွင်တင်ထားခဲ့ပါသည်။ မိမိတို့သတင်းဌာန မှ သတင်းတင်ပြီး (၁နာရီ ၅၄မိနစ်) အကြာမှ မြန်မာအစိုးရပိုင် MRTV တွင် တင်ခဲ့ခြင်းသာဖြစ်သည်။ ထို့အတူ MOI Webportal Myanmar ၌မူ မိမိတို့သတင်းတင်ပြီး (၂နာရီ၅၅မိနစ်) အကြာ( ညသန်းခေါင်(၂) နာရီကျော် အချိန်)မှ ကမန်းကတန်းသတင်းလိုက်တင်ကြခြင်းသာဖြစ်ပြီး အဆိုပါဖြစ်ရပ်အား မိမိတို့ ULA/ AA အပေါ်အပြစ်ပုံချခြင်း၊ အပြစ်လွဲချခြင်း၊ တစ်ဖက်သတ်စွပ်စွဲထားခြင်း ကိုပါရေးသားထားသည်မှာ အစိုးရသတင်းဌာနတစ်ခု၏ အောက်တန်းကျသောလုပ်ရပ်ဖြစ်ပြီး ပြင်းထန်စွာရှုတ်ချပါသည်။


မြန်မာ့တပ်မတော်၏ စစ်ရာဇဝတ်ကျူးလွန်သောလုပ်ရပ်ကို မြန်မာအစိုးရအနေဖြင့်ဖုံးဖိပေးရုံသာမက အစိုးရပိုင်သတင်းဌာနများမှတစ်ဖက်သတ်ဝါဒဖြန့်ပြီး မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချရန်အကွက်ကျကျလုပ်ကြံသောလုပ်ရပ်တစ်ခုသာဖြစ်သည်။



သတင်း နှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this