၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၇) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 27-Nov-2019

Nyo Twan Awng

#Unicode နိုဝင်ဘာလ(၂၇) ရက်နေ့တွင် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ ၊ ပလက်ဝမြို့နယ်များ၌ တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ နယ်ချဲ့စစ်ရာဇဝတ်တပ်ဖွဲ့(မြန်မာ့တပ်မတော်)သည် နိုဝင်ဘာလ(၂၇) ရက်၊နံနက်(၄) နာရီ (၂၀) မိနစ်ခန့်မှစတင်ပြီး ယမန်နေ့က၎င်းတို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောမြောက်ဦးမြို့နယ်၊"ကျောင်းတောင်ရွာ"မြောက်ဖက်(၁) ကီလိုမီတာခန့်အကွာအဝေးရှိ Point-122/ ပွိုင့် (၁၂၂) တောင်ကုန်းရှိမိမိတို့ရှိရာနေရာအားထပ်မံထိုးစစ်ဆင်တိုက်ခိုက်မှုကိုစတင်ပြုလုပ်ခဲ့သည်။ရန်သူသည် မြောက်ဦး၊ ပန်းမြောင်း နှင့် ဘုန်းကြီးတောင်( ပွိုင့်-၂၀၃)/ တောင်ဖြူတောင်တို့မှ လက်နက်ကြီးပစ်ကူများကိုတောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေသည့်အပြင်နေ့လည်(၂)နာရီ (၄၅)မိနစ်တွင် ရဟတ်ယာဉ်(၂) စီးပေါ်မှ ရော့ကတ်၊ စက်သေနတ်များဖြင့်မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ရသည်အထိတိုက်ပွဲများပြင်းထန်ခဲ့သည်။ ရန်သူ့ လက်နက်ကြီးကျည်အချို့မှာ ၎င်းတို့၏ တပ်ဖွဲ့ဝင်များရှိရာနေရာသို့ထိမှန်ကျရောက်ပေါက်ကွဲသောကြောင့်သေဆုံးသူနှင့်ဒဏ်ရာရသူအချို့ရှိခဲ့သည်။အဆိုပါနေရာအားနယ်ချဲ့ မြန်မာ့တပ်မတော် ( Myanmar Army)သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆) ရက်၊နေ့လည် (၁) နာရီ(၅၀) မိနစ်အချိန်(ယမန်နေ့) မှ စတင်၍မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်မှုကိုပြုလုပ်ခဲ့သည်။ယမန်နေ့တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ(၅) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ(၈) ဦးအထက်ရှိခဲ့သည်။ ယနေ့တိုက်ပွဲအတွင်း၌လည်း ရန်သူ့ဖက်မှထိခိုက်+သေဆုံးသူများထပ်မံရှိခဲ့သည်။ မိမိတို့ဖက်မှလည်း ဒဏ်ရာရသူအချို့ရှိခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ "ကြက်ချေးရွာ" အနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးရှိမိမိတို့လှုပ်ရှားစစ်ကြောင်းတစ်ခုအားနယ်ချဲ့ ကျူးကျော်သူမြန်မာ့တပ်မတော်၏ အင်အား(၁၈၀) ခန့်ပါစစ်ကြောင်းတစ်ခုသည် "ကန်ဇောက်၊ရသေ့တောင် အခြေစိုက်တပ်ရင်းများရေစိုးချောင်းဗျူဟာ" အပါအဝင် နေရာ(၃) နေရာမှ လက်နက်ကြီးပစ်ကူများစုပြုံပစ်ခတ်၍လည်းကောင်း၊ နိုဝင်ဘာလ(၁၆/၂၅) ရက်များတွင်ရဟတ်ယာဉ်(၂) စီးအပါအဝင် မြေပြင်၊ဝေဟင်မှထိုးစစ်ဆင်တိုက်ခိုက်၍လည်းကောင်း ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုကို နိုဝင်ဘာလ(၁၁) ရက်နေ့မှစတင်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ယနေ့ဆိုလျှင်ရက်သတ္တပတ်(၂) ပတ်ကျော်အထိရှိလာခဲ့ပြီဖြစ်သည်။ယနေ့ နိုဝင်ဘာလ(၂၇) ရက်နေ့တွင်လည်းလက်နက်ကြီးပစ်ကူများနှင့်အတူ ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၅) မိနစ်ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၇) ရက်၊ နံနက်( ၈) နာရီ (၄၅) မိနစ်အချိန်တွင် မြေပုံမြို့နယ်၊"ဒင်္ဂါးရ" နှင့်"တောင်ပြင်ရွာ" အကြားရှိရန်သူအား အဝေးထိန်းရီမိုကွန်ထရိုးမိုင်းဖြင့်ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူ့ဖက်မှထိခိုက်+သေဆုံးသူများရှိနိုင်သည်။ ပလက်ဝမြို့နယ်၊ ကလက်ချောင်းအရှေ့ဖက်၊ "ဒိုးချောင်းဝရွာ" အနီးရှိ ရန်သူ့အခြေပြု" ဒိုးချောင်းဝစခန်းအား" ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်းတစ်ခုမှ နေ့လည်(၃) နာရီ(၄၀) မိနစ်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မိနစ်(၄၀) ခန့်ကြာမြင့်ပြီးမိမိတို့ဖက်မှအထိအခိုက်အကျအဆုံးမရှိဘဲရန်သူအားထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သောတိုက်ပွဲတစ်ပွဲလည်းဖြစ်သည်။ ရန်သူ့ဖက်မှ သေဆုံးသူများရှိခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ႏိုဝင္ဘာလ(၂၇) ရက္ေန႔တြင္ ေျမာက္ဦး၊ ပုဏၰားကြ်န္း၊ ေျမပံု ၊ ပလက္ဝၿမိဳ႕နယ္မ်ား၌ တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့သည္။ နယ္ခ်ဲ႕စစ္ရာဇဝတ္တပ္ဖြဲ႕(ျမန္မာ့တပ္မေတာ္)သည္ ႏိုဝင္ဘာလ(၂၇) ရက္၊နံနက္(၄) နာရီ (၂၀) မိနစ္ခန္႔မွစတင္ၿပီး ယမန္ေန႔က၎တို႔ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာေျမာက္ဦးၿမိဳ႕နယ္၊"ေက်ာင္းေတာင္ရြာ"ေျမာက္ဖက္(၁) ကီလိုမီတာခန္႔အကြာအေဝးရွိ Point-122/ ပြိဳင့္ (၁၂၂) ေတာင္ကုန္းရွိမိမိတို႔ရွိရာေနရာအားထပ္မံထိုးစစ္ဆင္တိုက္ခိုက္မႈကိုစတင္ျပဳလုပ္ခဲ့သည္။ရန္သူသည္ ေျမာက္ဦး၊ ပန္းေျမာင္း ႏွင့္ ဘုန္းႀကီးေတာင္( ပြိဳင့္-၂၀၃)/ ေတာင္ျဖဴေတာင္တို႔မွ လက္နက္ႀကီးပစ္ကူမ်ားကိုေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ေနသည့္အျပင္ေန႔လည္(၂)နာရီ (၄၅)မိနစ္တြင္ ရဟတ္ယာဥ္(၂) စီးေပၚမွ ေရာ့ကတ္၊ စက္ေသနတ္မ်ားျဖင့္မိနစ္(၂၀) ခန္႔လာေရာက္ပစ္ခတ္တိုက္ခိုက္ရသည္အထိတိုက္ပြဲမ်ားျပင္းထန္ခဲ့သည္။ ရန္သူ႔ လက္နက္ႀကီးက်ည္အခ်ိဳ႕မွာ ၎တို႔၏ တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာသို႔ထိမွန္က်ေရာက္ေပါက္ကြဲေသာေၾကာင့္ေသဆံုးသူႏွင့္ဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။အဆိုပါေနရာအားနယ္ခ်ဲ႕ ျမန္မာ့တပ္မေတာ္ ( Myanmar Army)သည္ ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၂၆) ရက္၊ေန႔လည္ (၁) နာရီ(၅၀) မိနစ္အခ်ိန္(ယမန္ေန႔) မွ စတင္၍မိမိတို႔အားထိုးစစ္ဆင္တိုက္ခိုက္မႈကိုျပဳလုပ္ခဲ့သည္။ယမန္ေန႔တိုက္ပြဲအတြင္း ရန္သူ႔ဖက္မွ(၅) ဦးေသဆံုးခဲ့ၿပီး ဒဏ္ရာရသူ(၈) ဦးအထက္ရွိခဲ့သည္။ ယေန႔တိုက္ပြဲအတြင္း၌လည္း ရန္သူ႔ဖက္မွထိခိုက္+ေသဆံုးသူမ်ားထပ္မံရွိခဲ့သည္။ မိမိတို႔ဖက္မွလည္း ဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ "ၾကက္ေခ်းရြာ" အေနာက္ေျမာက္ဖက္(၁.၈) ကီလိုမီတာအကြာအေဝးရွိမိမိတို႔လွုပ္ရွားစစ္ေၾကာင္းတစ္ခုအားနယ္ခ်ဲ႕ က်ဴးေက်ာ္သူျမန္မာ့တပ္မေတာ္၏ အင္အား(၁၈၀) ခန္႔ပါစစ္ေၾကာင္းတစ္ခုသည္ "ကန္ေဇာက္၊ရေသ့ေတာင္ အေျခစိုက္တပ္ရင္းမ်ားေရစိုးေခ်ာင္းဗ်ဴဟာ" အပါအဝင္ ေနရာ(၃) ေနရာမွ လက္နက္ႀကီးပစ္ကူမ်ားစုျပံဳပစ္ခတ္၍လည္းေကာင္း၊ ႏိုဝင္ဘာလ(၁၆/၂၅) ရက္မ်ားတြင္ရဟတ္ယာဥ္(၂) စီးအပါအဝင္ ေျမျပင္၊ေဝဟင္မွထိုးစစ္ဆင္တိုက္ခိုက္၍လည္းေကာင္း ႀကီးမားေသာထိုးစစ္ဆင္တိုက္ခိုက္မႈကို ႏိုဝင္ဘာလ(၁၁) ရက္ေန႔မွစတင္ျပဳလုပ္ခဲ့သည္။ ထို႔ေၾကာင့္ ယေန႔ဆိုလွ်င္ရက္သတၱပတ္(၂) ပတ္ေက်ာ္အထိရွိလာခဲ့ၿပီျဖစ္သည္။ယေန႔ ႏိုဝင္ဘာလ(၂၇) ရက္ေန႔တြင္လည္းလက္နက္ႀကီးပစ္ကူမ်ားႏွင့္အတူ ရဟတ္ယာဥ္(၂) စီးျဖင့္ မိနစ္(၂၅) မိနစ္ခန္႔လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၂၇) ရက္၊ နံနက္( ၈) နာရီ (၄၅) မိနစ္အခ်ိန္တြင္ ေျမပံုၿမိဳ႕နယ္၊"ဒဂၤါးရ" ႏွင့္"ေတာင္ျပင္ရြာ" အၾကားရွိရန္သူအား အေဝးထိန္းရီမိုကြန္ထ႐ိုးမိုင္းျဖင့္ထိေရာက္စြာတိုက္ခိုက္ႏိုင္ခဲ့သည္။ ရန္သူ႔ဖက္မွထိခိုက္+ေသဆံုးသူမ်ားရွိႏိုင္သည္။ ပလက္ဝၿမိဳ႕နယ္၊ ကလက္ေခ်ာင္းအေရွ႕ဖက္၊ "ဒိုးေခ်ာင္းဝရြာ" အနီးရွိ ရန္သူ႔အေျချပဳ" ဒိုးေခ်ာင္းဝစခန္းအား" ရကၡိဳင့္တပ္ေတာ္၊ လႈပ္ရွားစစ္ေၾကာင္းတစ္ခုမွ ေန႔လည္(၃) နာရီ(၄၀) မိနစ္တြင္ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ မိနစ္(၄၀) ခန္႔ၾကာျမင့္ၿပီးမိမိတို႔ဖက္မွအထိအခိုက္အက်အဆံုးမရွိဘဲရန္သူအားထိေရာက္စြာတိုက္ခိုက္ႏိုင္ခဲ့ေသာတိုက္ပြဲတစ္ပြဲလည္းျဖစ္သည္။ ရန္သူ႔ဖက္မွ ေသဆံုးသူမ်ားရွိခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this