၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂/၂၃) ရက်နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 25-Jan-2020

Nyo Twan Awng

#Unicode လွန်ခဲ့သော ရက်သတ္တပတ်အတွင်း၊သဲတက်ရွာမှ ကျွဲ၊နွားများအားခိုးယူခဲ့သော တပ်မ(၂၂) လက်အောက်ခံ၊ခမရ(၂၀၄) တပ်ရင်းအား ကျောက်တော်မြို့နယ်၊ ပုံစားရွာ အနောက်ဖက်၊ ကားလမ်းမအနီး၌ ဇန်နဝါရီလ(၂၃) ရက်၊ညနေ(၃) နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းတစ်ခုမှ အဝေးထိန်းစနစ်ပါရှိသောမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ပလက်ဝမြို့နယ်၏ပိန္နဲတပင်ရွာ အနောက်တောင်ဖက်(၄.၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်လည်း မြန်မာ့တပ်မတော်၏ ခမရ(၂၁၂) နှင့် ခမရ(၂၂၀) တို့ နှင့် ရက္ခိုင့်တပ်တော်တို့သည် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့် မိနစ်အနည်းငယ်ကြာတိုက်ပွဲငယ်များ ဇန်နဝါရီလ(၂၀) နေ့မှစတင်၍ကြိုကြားကြိုကြားဖြစ်ပွားလျှက်ရှိသည်။ ရန်သူသည်မိမိတို့ရှိရာနေရာသို့ထိုးစစ်ပုံစံမျိုးဖြင့်တက်ရောက်လာသည့်အချိန်များ၌တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ရန်သူတက်မလာသည့်နေ့၊အချိန်များတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိချေ။ ဤ ပလက်ဝမြို့နယ်၏ပိန္နဲတပင်ရွာ အနောက်တောင်ဖက်(၄.၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်၌ နေ့တိုင်းနီးပါးဖြစ်ပွားလျက်ရှိသော မိနစ်အနည်းငယ်ကြာတိုက်ပွဲများအတွင်း အနည်းဆုံးရန်သူ(၆) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ့ဖက်မှဒဏ်ရာရရှိသူ(၁၀) ဦးအထက်ရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အလတ်စား၊ အပြင်းစားဒဏ်ရာရသူအချို့ရှိခဲ့သည်။ ဇန်နဝါရီလ(၂၂) ရက်နေ့၌လည်း ပလက်ဝမြို့၊(အောက်) နှုန်းဘူးရွာ၊ အနောက်ဖက်တောင်တန်းပေါ်၌ မိနစ်(၃၀) ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရန်သူ(၁၀) ကျော်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ မိမိတို့ဖက်မှ အကျအဆုံးမရှိသော်လည်း အပေါ့စားဒဏ်ရာရသူ(၂) ဦးရှိခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi လြန္ခဲ့ေသာ ရက္သတၱပတ္အတြင္း၊သဲတက္ရြာမွ ကြ်ဲ၊ႏြားမ်ားအားခိုးယူခဲ့ေသာ တပ္မ(၂၂) လက္ေအာက္ခံ၊ခမရ(၂၀၄) တပ္ရင္းအား ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ပံုစားရြာ အေနာက္ဖက္၊ ကားလမ္းမအနီး၌ ဇန္နဝါရီလ(၂၃) ရက္၊ညေန(၃) နာရီခန္႔အခ်ိန္တြင္ ရကၡိဳင့္တပ္ေတာ္၊လႈပ္ရွားစစ္ေၾကာင္းတစ္ခုမွ အေဝးထိန္းစနစ္ပါရွိေသာမိုင္းျဖင့္ တိုက္ခိုက္ခဲ့သည္။ ပလက္ဝၿမိဳ႕နယ္၏ပိႏၷဲတပင္ရြာ အေနာက္ေတာင္ဖက္(၄.၃) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္လည္း ျမန္မာ့တပ္မေတာ္၏ ခမရ(၂၁၂) ႏွင့္ ခမရ(၂၂၀) တို႔ ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားႏွင့္ မိနစ္အနည္းငယ္ၾကာတိုက္ပြဲငယ္မ်ား ဇန္နဝါရီလ(၂၀) ေန႔မွစတင္၍ႀကိဳၾကားႀကိဳၾကားျဖစ္ပြားလွ်က္ရွိသည္။ ရန္သူသည္မိမိတို႔ရွိရာေနရာသို႔ထိုးစစ္ပံုစံမ်ိဳးျဖင့္တက္ေရာက္လာသည့္အခ်ိန္မ်ား၌တိုက္ပြဲျဖစ္ပြားေလ့ရွိၿပီး ရန္သူတက္မလာသည့္ေန႔၊အခ်ိန္မ်ားတြင္တိုက္ပြဲျဖစ္ပြားျခင္းမရွိေခ်။ ဤ ပလက္ဝၿမိဳ႕နယ္၏ပိႏၷဲတပင္ရြာ အေနာက္ေတာင္ဖက္(၄.၃) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚ၌ ေန႔တိုင္းနီးပါးျဖစ္ပြားလ်က္ရွိေသာ မိနစ္အနည္းငယ္ၾကာတိုက္ပြဲမ်ားအတြင္း အနည္းဆံုးရန္သူ(၆) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့ၿပီး ရန္သူ႔ဖက္မွဒဏ္ရာရရွိသူ(၁၀) ဦးအထက္ရွိခဲ့သည္။ မိမိတို႔ဖက္မွလည္း အလတ္စား၊ အျပင္းစားဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။ ဇန္နဝါရီလ(၂၂) ရက္ေန႔၌လည္း ပလက္ဝၿမိဳ႕၊(ေအာက္) ႏႈန္းဘူးရြာ၊ အေနာက္ဖက္ေတာင္တန္းေပၚ၌ မိနစ္(၃၀) ခန္႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး ရန္သူ(၁၀) ေက်ာ္အားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ မိမိတို႔ဖက္မွ အက်အဆံုးမရွိေသာ္လည္း အေပါ့စားဒဏ္ရာရသူ(၂) ဦးရွိခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .