၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 12-Feb-2020

Nyo Twan Awng

#Unicode ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင်လည်း ကျောက်တော်၊ပလက်ဝ၊ ရသေ့တောင်မြို့နယ်များအတွင်း၌ ယခင်နေ့ရက်များကဖြစ်ပွားခဲ့သောနေရာများ၌တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ အထူးသဖြင့်ပလက်ဝ နှင့် ကျောက်တော်မြို့နယ်အတွင်းဖြစ်ပွားနေသောရက်ဆက်တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ပတ်ကျော်ကြာသည်အထိ အပြန်အလှန်ထိုးစစ်များဖြင့် တိုက်ပွဲအရှိန်မြင့်တက်လျက်ရှိသည်။ (၁) ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) တစ်ခုအနီး၌ ဖေဖော်ဝါရီလ(၅) ရက်မှ စတင်ဖြစ်ပွားလျက်ရှိသော နှစ်ဖက်အပြန်အလှန်ထိုးစစ်မှာ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ဆိုလျှင် ရက်ဆက်တိုက်ပွဲ" (၇)ရက်မြောက်နေ့" သို့အထိရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရန်သူသည် ဂျက်တိုက်လေယာဉ်များ၊ရဟတ်ယာဉ်များပေါ်မှ စက်သေနတ်၊ရော့ကတ်များအပြင် မီးလောင်ဗုံးများကိုပါသုံးစွဲလာခဲ့သည်။ တပြိုင်နက်တည်းတွင် နှစ်ဖက်အပြန်အလှန်ထိုးစစ် များနှင့်အတူ ရန်သူ့ဗျူဟာကုန်းအား စစ်ကူပေးရန်ချီတက်လာနေသော ရန်သူ၏ တောင်ဖက် နှင့် မြောက်ဖက် စစ်ကြောင်း(၂) ခုစလုံးအား မိမိတို့ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်လျက်ရှိပြီး ၎င်းစစ်ကူစစ်ကြောင်း(၂) ခုစလုံးနှင့် မိမိတို့သည် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ (၂) မြန်မာ့တပ်မတော်၏ တောင်ဖက်မှ အင်အား(၄၀၀) ကျော်ခန့်ပါသော စစ်ကူစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် ကျောက်တော်မြို့နယ်၊ ဝက်မကျရွာအနီး၊ (ယခင်နေ့ရက်များ၌တင်းမရွာအနီးဟုရေးသားဖော်ပြ)ကုလားတန်မြစ်အရှေ့ဖက်ကမ်းတောင်တန်းပေါ်တွင် ဖေဖော်ဝါရီလ(၆) ရက်နေ့မှစတင်ဖြစ်ပွားနေခဲ့သည်မှာ ယနေ့ဖေဖော်ဝါရီလ(၁၂) ရက်နေ့ဆိုလျှင်ရက်ဆက်တိုက်ပွဲ(၆) ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီးတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်။ အဆိုပါရန်သူ့စစ်ကူစစ်ကြောင်းများနှင့် မိမိတို့သည်( ဝက်မကျရွာနှင့် တင်းမရွာအကြား) တွင် အပြန်အလှန်ထိုးစစ်များဖြင့် တိုက်ပွဲအရှိန်ဆက်လက်မြင့်တက်နေခဲ့သည်။ (၃) ဖေဖော်ဝါရီလ(၁၂) ရက်နေ့၊ နေ့လယ်(၂) နာရီ(၃၀) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်တံတားထိပ်၌တပ်စွဲထားသော မြန်မာ့တပ်မတော်၏ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရေချမ်းပြင်ရွာသစ်(ဘင်္ဂလီရွာ) အတွင်းရှိ ဦးဆီရာတိန် ၏နေအိမ်အတွင်းကျရောက်ပေါက်ကွဲမှုကြောင့်သူ၏သားဖြစ်သူ၊အသက်(၁၄) နှစ်အရွယ် "ချိုရိအူလာ" မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သူ၏အမျို းသမီး၊ သမီး၊ မြေး နှင့် သူ၏အိမ်သို့ထင်းခုတ်ရန်ရောက်ရှိနေသူအသက်(၁၂) အရွယ် "အဘူဆိုဘိယင်း"ကလေးတစ်ယောက်မှာ ဒဏ်ရာရရှိခဲ့သည်။ အဘူဆိုဘိယင်း မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးဆေးရုံတွင် ကုသမှုခံယူနေကြောင်းသိရှိရသည်။ ပလက်ဝမြို့နယ်အတွင်းရှိ အခြားနေရာတစ်ခု၌ မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ မျက်မြင်ရန်သူ(၁) ဦးသေဆုံးခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ေဖေဖာ္ဝါရီလ(၁၂) ရက္ေန႔တြင္လည္း ေက်ာက္ေတာ္၊ပလက္ဝ၊ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားအတြင္း၌ ယခင္ေန႔ရက္မ်ားကျဖစ္ပြားခဲ့ေသာေနရာမ်ား၌တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့သည္။ အထူးသျဖင့္ပလက္ဝ ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းျဖစ္ပြားေနေသာရက္ဆက္တိုက္ပြဲမ်ားမွာ ဆက္လက္ျဖစ္ပြားခဲ့ၿပီး တစ္ပတ္ေက်ာ္ၾကာသည္အထိ အျပန္အလွန္ထိုးစစ္မ်ားျဖင့္ တိုက္ပြဲအရွိန္ျမင့္တက္လ်က္ရွိသည္။ (၁) ပလက္ဝၿမိဳ႕နယ္၊ မီးေခ်ာင္းတံတားအနီး ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးပစ္ကူေပးေနေသာအေျမာက္စခန္း(ဗ်ဴဟာကုန္း) တစ္ခုအနီး၌ ေဖေဖာ္ဝါရီလ(၅) ရက္မွ စတင္ျဖစ္ပြားလ်က္ရွိေသာ ႏွစ္ဖက္အျပန္အလွန္ထိုးစစ္မွာ ေဖေဖာ္ဝါရီလ(၁၂)ရက္ေန႔ဆိုလွ်င္ ရက္ဆက္တိုက္ပြဲ" (၇)ရက္ေျမာက္ေန႔" သို႔အထိေရာက္ရွိလာခဲ့ၿပီျဖစ္သည္။ ရန္သူသည္ ဂ်က္တိုက္ေလယာဥ္မ်ား၊ရဟတ္ယာဥ္မ်ားေပၚမွ စက္ေသနတ္၊ေရာ့ကတ္မ်ားအျပင္ မီးေလာင္ဗုံးမ်ားကိုပါသုံးစြဲလာခဲ့သည္။ တၿပိဳင္နက္တည္းတြင္ ႏွစ္ဖက္အျပန္အလွန္ထိုးစစ္ မ်ားႏွင့္အတူ ရန္သူ႔ဗ်ဴဟာကုန္းအား စစ္ကူေပးရန္ခ်ီတက္လာေနေသာ ရန္သူ၏ ေတာင္ဖက္ ႏွင့္ ေျမာက္ဖက္ စစ္ေၾကာင္း(၂) ခုစလုံးအား မိမိတို႔ရကၡိဳင့္တပ္ေတာ္မွ ျဖတ္ေတာက္တိုက္ခိုက္လ်က္ရွိၿပီး ၎စစ္ကူစစ္ေၾကာင္း(၂) ခုစလုံးႏွင့္ မိမိတို႔သည္ တိုက္ပြဲမ်ားဆက္လက္ျပင္းထန္ေနခဲ့သည္။ (၂) ျမန္မာ့တပ္မေတာ္၏ ေတာင္ဖက္မွ အင္အား(၄၀၀) ေက်ာ္ခန႔္ပါေသာ စစ္ကူစစ္ေၾကာင္း ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဝက္မက်႐ြာအနီး၊ (ယခင္ေန႔ရက္မ်ား၌တင္းမ႐ြာအနီးဟုေရးသားေဖာ္ျပ)ကုလားတန္ျမစ္အေရွ႕ဖက္ကမ္းေတာင္တန္းေပၚတြင္ ေဖေဖာ္ဝါရီလ(၆) ရက္ေန႔မွစတင္ျဖစ္ပြားေနခဲ့သည္မွာ ယေန႔ေဖေဖာ္ဝါရီလ(၁၂) ရက္ေန႔ဆိုလွ်င္ရက္ဆက္တိုက္ပြဲ(၆) ရက္ေျမာက္ေန႔သို႔ေရာက္ရွိလာခဲ့ၿပီးတိုက္ပြဲမ်ားဆက္လက္ျပင္းထန္လ်က္ရွိသည္။ အဆိုပါရန္သူ႔စစ္ကူစစ္ေၾကာင္းမ်ားႏွင့္ မိမိတို႔သည္( ဝက္မက်႐ြာႏွင့္ တင္းမ႐ြာအၾကား) တြင္ အျပန္အလွန္ထိုးစစ္မ်ားျဖင့္ တိုက္ပြဲအရွိန္ဆက္လက္ျမင့္တက္ေနခဲ့သည္။ (၃) ေဖေဖာ္ဝါရီလ(၁၂) ရက္ေန႔၊ ေန႔လယ္(၂) နာရီ(၃၀) မိနစ္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ၾကာညိဳျပင္တံတားထိပ္၌တပ္စြဲထားေသာ ျမန္မာ့တပ္မေတာ္၏ ရမ္းသန္းပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေရခ်မ္းျပင္႐ြာသစ္(ဘဂၤလီ႐ြာ) အတြင္းရွိ ဦးဆီရာတိန္ ၏ေနအိမ္အတြင္းက်ေရာက္ေပါက္ကြဲမႈေၾကာင့္သူ၏သားျဖစ္သူ၊အသက္(၁၄) ႏွစ္အ႐ြယ္ "ခ်ိဳရိအူလာ" မွာ ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး သူ၏အမ်ိဳ းသမီး၊ သမီး၊ ေျမး ႏွင့္ သူ၏အိမ္သို႔ထင္းခုတ္ရန္ေရာက္ရွိေနသူအသက္(၁၂) အ႐ြယ္ "အဘူဆိုဘိယင္း"ကေလးတစ္ေယာက္မွာ ဒဏ္ရာရရွိခဲ့သည္။ အဘူဆိုဘိယင္း မွာ ျပင္းထန္စြာဒဏ္ရာရရွိခဲ့ၿပီးေဆး႐ုံတြင္ ကုသမႈခံယူေနေၾကာင္းသိရွိရသည္။ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ အျခားေနရာတစ္ခု၌ မိနစ္အနည္းငယ္ၾကာထိေတြ႕မႈျဖစ္ပြားခဲ့သည္။ မ်က္ျမင္ရန္သူ(၁) ဦးေသဆုံးခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this