မြန်မာ့တပ်မတော်မှ ရခိုင်ဒေသအတွင်း ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုမှတ်တမ်း

blog

Date : 30-Mar-2020

Nyo Twan Awng

မြန်မာ့တပ်မတော်မှ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုရွာအား၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၉) ရက် ည(၁၀) နာရီခန့်မှ စတင်၍ မီးရှို့ဖျက်ဆီးကာ စစ်ရာဇဝတ်အမှုအား ကျူးလွန်လျက်ရှိသည်။ အသက်(၇၀) အဘွားကြီးတစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့ပြီး အသက်(၅၀) အရွယ် သက်ကြီးပိုင်းတစ်ဦးအား ခေါင်းဖြတ်၊လက်၊ ခြေထောက်များကိုဖြတ်တောက်ပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့သည်။ မြန်မာ့တပ်မတော်၏ အဆိုပါ တပ်ရင်းအား မိမိတို့မှ စုံစမ်း၍ ထိရောက်စွာလက်တုံ့ပြန်သွားမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .