၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၇) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 08-Jan-2020

Nyo Twan Awng

#Unicode ဇန်နဝါရီလ(၇) ရက်နေ့တွင် မင်းပြား၊ ပလက်ဝ၊နှင့် အမ်းမြို့နယ်များ၌တိုက်ပွဲများရှိခဲ့ပြီး မင်းပြားမြို့နယ်အတွင်းတိုက်ပွဲသည် ပြင်းထန်ခဲ့သည်။ (၁) မင်းပြားမြို့နယ်၊ ဖားပြို(ချင်း) ရွာအရှေ့မြောက်ဖက်(၁.၁)ကီလိုမီတာအကွာအဝေးရှိကားလမ်းမပေါ်နေ့လည်(၁) နာရီခန့်မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ(၃) နာရီ(၃၀) မိနစ်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိနေသေးသည်။ ရန်သူသည်အင်အားအလုံးအရင်းဖြင့် မိမိတို့အားလာရောက်တိုက်ခိုက်သည့်ကြားထဲမှ လက်နက်ခဲယမ်းအပြည့်ပါသောရန်သူ့စစ်ကား(၂) စီးအားပျက်စီးအောင်ပြုလုပ်နိုင်ခဲ့သည်။ ရန်သူ့ထိုးစစ်အားအကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။ (၂) အမ်းမြို့နယ်၊ "ကမ်းခြေရွာသစ်" နှင့်"ပြင်ဝန်းရွာ" အကြားတွင်လည်း ရန်သူသည်မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ (၃) လွန်ခဲ့သောရက်သတ္တပတ်များအတွင်းတိုက်ပွဲဖြစ်ပွားခဲ့သောပလက်ဝမြို့နယ်၊အတွင်းရှိ BP-71 အနောက်မြောက်ဖက်(၁.၄) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်-၈၂၅ ကုန်း Point-825 ကုန်းပတ်ဝန်းကျင်၌ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုမိနစ်အနည်းငယ်ရှိခဲ့သည်။ ရန်သူတစ်ဦး(မျက်မြင်) အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ဇန္နဝါရီလ(၇) ရက္ေန႔တြင္ မင္းျပား၊ ပလက္ဝ၊ႏွင့္ အမ္းၿမိဳ႕နယ္မ်ား၌တိုက္ပြဲမ်ားရွိခဲ့ၿပီး မင္းျပားၿမိဳ႕နယ္အတြင္းတိုက္ပြဲသည္ ျပင္းထန္ခဲ့သည္။ (၁) မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳ(ခ်င္း) ႐ြာအေရွ႕ေျမာက္ဖက္(၁.၁)ကီလိုမီတာအကြာအေဝးရွိကားလမ္းမေပၚေန႔လည္(၁) နာရီခန႔္မွ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ညေန(၃) နာရီ(၃၀) မိနစ္အထိ ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားရွိေနေသးသည္။ ရန္သူသည္အင္အားအလုံးအရင္းျဖင့္ မိမိတို႔အားလာေရာက္တိုက္ခိုက္သည့္ၾကားထဲမွ လက္နက္ခဲယမ္းအျပည့္ပါေသာရန္သူ႔စစ္ကား(၂) စီးအားပ်က္စီးေအာင္ျပဳလုပ္ႏိုင္ခဲ့သည္။ ရန္သူ႔ထိုးစစ္အားအေကာင္းဆုံးဟန႔္တားတိုက္ခိုက္ႏိုင္ခဲ့သည္။ (၂) အမ္းၿမိဳ႕နယ္၊ "ကမ္းေျခ႐ြာသစ္" ႏွင့္"ျပင္ဝန္း႐ြာ" အၾကားတြင္လည္း ရန္သူသည္မိမိတို႔ရွိရာေနရာသို႔က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားခဲ့သည္။ (၃) လြန္ခဲ့ေသာရက္သတၱပတ္မ်ားအတြင္းတိုက္ပြဲျဖစ္ပြားခဲ့ေသာပလက္ဝၿမိဳ႕နယ္၊အတြင္းရွိ BP-71 အေနာက္ေျမာက္ဖက္(၁.၄) ကီလိုမီတာအကြာအေဝးရွိ ပြိဳင့္-၈၂၅ ကုန္း Point-825 ကုန္းပတ္ဝန္းက်င္၌ႀကိဳၾကားႀကိဳၾကားပစ္ခတ္တိုက္ခိုက္မႈမိနစ္အနည္းငယ္ရွိခဲ့သည္။ ရန္သူတစ္ဦး(မ်က္ျမင္) အားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ တိုက္ပြဲမ်ားအတြင္းသတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ေသာအာရကၡစစ္သည္ေတာ္မ်ားအားဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this