၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၉)ရက်၊စနေနေ့ ၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 29-Feb-2020

Nyo Twan Awng

(၁) ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၉) ရက်၊နံနက်(၇) နာရီ (၂၀) မိနစ် တွင် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်အကြား မြောက်ဦး( မြောင်းဘွေချေကျေးရွာ) နှင့် မင်းပြား (ဟာရပိုင်ရွာ)အကြား ၌ မြန်မာ့တပ်မတော်၏စစ်ကား(၁၈) စီးပါ စစ်ယာဉ်တန်းအား  ရက္ခိုင့်တပ်တော်မှ မိနစ်အနည်းငယ်ကြာဖတ်တောက်တိုက်ခိုက်ခဲ့သည်။ 

စစ်ကား(၁၈) စီးထဲမှတစ်စီးအားအလုံးစုံပျက်စီးအောင်ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ ထို့နောက်ရန်သူသည် ၎င်းတို့ပြုလုပ်နေကျထုံးစံအတိုင်း နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲနှင့်အလှမ်းဝေးကွာသောနေရာမှလူနေအိမ်အချို့ မီးလောင်ပျက်စီးပြီးအရပ်သားအချို့  သေဆုံး၊ ဒဏ်ရာရသူများရှိခဲ့သည်။ အဆိုပါနေရာမှာ ၎င်းရွာများနှင့် (၁) ကီလိုမီတာခန့်အကွာအဝေး၌ရှိပြီး တိုက်ပွဲနှင့် အလှမ်းကွာဝေးသောနေရာများပင်ဖြစ်သည်။ မြန်မာ့တပ်မတော်မှလူမျိုးရေးအမုန်းတရားများဖြင့် ရည်ရွယ်ချက်ရှိရှိရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။

(၂) မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာ နှင့် ခဲျကျေးရွာ အကြားရှိ ကားလမ်းမထက်၌ နံနက်(၇) နာရီ (၄၀) တွင်လည်း ရန်သူ့စစ်ကြောင်းတစ်ခုကိုလည်း ရက္ခိုင့်တပ်တော်မှ မိနစ်အနည်းငယ်ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့သည်။ မျက်မြင်ရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ 

(၃) ရသေ့တောင်မြို့နယ်အတွင်း ထီးစွဲရွာ၊ ရေစိုးချောင်းပတ်ဝန်းကျင်အနှံ့အပြားသို မြန်မာ့တပ်မတော်၏ ရေစိုးချောင်းဗျူဟာ ၊ ရသေ့တောင်အခြေစိုက်ခမရ(၅၃၇) တပ်ရင်းများမှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုများကို နံနက်(၁၀) နာရီ(၅၀) မိနစ်ခန့်မှစတင်၍တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ 

နေ့လယ်(၁) နာရီခန့်အချိန်တွင်မှ နှစ်ဖက်ရင်ဆိုင်ထိတွေ့မှုနှင့်အတူ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများစတင်ခဲ့သည်။မြန်မာ့တပ်မတော်၏ အင်အား(၂၀၀) ခန့်ပါသော တပ်မ(၂၂) လက်အောက်ခံတပ်ရင်း နှင့် နေ့လယ်(၂) နာရီကျော်အထိ တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးအား အသေးစိပ်မသိရသော်လည်း ဒဏ်ရာရသူအချို့ ရှိနိုင်သည်။ 

ထို့နောက်ရန်သူသည် ရှေ့ဆက်တိုးလာခြင်းမရှိဘဲ ရေစိုးချောင်းရွာအတွင်းဝင်ရောက်သွားသောကြောင့် တိုက်ပွဲခေတ္တရပ်တန့်ခဲ့သည်။ ထို့အတူလက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းမှာလည်း ညနေ(၃) နာရီခန့်တွင်ရပ်တန့်ခဲ့သည်။

(၄) ရသေ့တောင်မြို့နယ်၊အောင်သာစည်ရွာ မြောက်ဖက်တွင် မြန်မာ့တပ်မတော်၏ တပ်မ(၂၂) ဟုယူဆရသောစစ်ကြောင်းတစ်ခု တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုကို ညနေ(၄) နာရီ(၅၀) မိနစ်မှ စတင်ပြုလုပ်နေခဲ့ပြီး နေရာအနှံ့လက်နက်ကြီး လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

(၅) ရသေ့တောင်မြို့နယ်၊ ထီးစွဲရ􏰀ွာအနေ􏰁ာက်ဘက် (၂) ကီလိုမီတာအကွာအဝေးရှိမေယုမြစ်အတွင်း၌စစ်အင်အားဖြည့်တင်းရန်သွားလာနေသော ဇက်သဘောၤ(၂)စီး နှင့် Speed boat (၁)စီး အား ဖေဖော်ဝါရီ (၂၉) ရက်၊ ည(၉) နာရီ မှ (၉) နာရီ (၃၀) မိနစ် အထိ မိနစ်(၃၀) ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများကိုမသိရသော်လည်း ဇက်(၁) စီးအားသွားလာ၍မရအောင်တိုက်ခိုက်နိုင်ခဲ့သည်။


သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this