၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၅)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 06-Jun-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၅)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

မြန်မာ့တပ်မတော်၏ ရခိုင်ဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ ဆက်လက်ရှိနေသောကြောင့် ဇွန်လအတွင်း၌လည်းတိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ ဇွန်လ(၅) ရက်နေ့၌ ပလက်ဝမြို့နယ်အတွင်း နေရာနှစ်ခု၌တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲများအတွင်း ရန်သူ(၁၀) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် ဒဏ်ရာရရှိသည့် ရန်သူ(၁၀) ကျော် အထိရှိခဲ့သည်။
ဇွန်လ(၅) ရက်နေ့၊ ညနေ(၄) နာရီ(၃၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ သူဌေးကုန်းရွာအရှေ့ဘက်(၁) ကီလိုမီတာအကွာအဝေးရှိတောင်တန်း၌လည်းကောင်း၊ ညနေ(၅) နာရီ(၁၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ရွှေချောင်းဝရွာ အနောက်မြောက်ဖက်(၁.၃) ကီလိုမီတာအကွာအဝေး၌လည်းကောင်းတိုက်ပွဲဖြစ်ပွားခဲ့သည်။ 

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this