၂၀၂၀ပြည့်နှစ်၊မတ်လ(၇)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 07-Mar-2020

Nyo Twan Awng


၂၀၂၀ ပြည့်နှစ်၊ မတ်လ(၇) ရက်နေ့တွင် ကျောက်တော်၊ ပလက်ဝ၊ ရသေ့တောင်၊အမ်းမြို့နယ် များအတွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ အထိအခိုက်အကျအဆုံးများသော စစ်ရာဇဝတ်တပ်ဖွဲ့သည် ပေါက်ကွဲအားပြင်းထန်သောမီးလောင်ဗုံးများ၊ ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများကို ကောက်ကျစ်ယုတ်မာစွာဖြင့်စတင်သုံးစွဲလာသည်။

(၁) မတ်လ(၇) ရက်နေ့၊ နံနက်(၆) နာရီ(၃၀) မိနစ်မှစတင်ပြီး ကျောက်တော်မြို့နယ်၊ မုန့်သန်းပြင်ရွာအရှေ့ဖက်တောင်တန်းပေါ်၌ ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်၏ တပ်မ(၇၇) လက်အောက်ခံ၊ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊အခြေစိုက်၊ခမရ(၇) နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ အပြန်အလှန်ထိုးစစ်များနှင့်အတူ တိုက်ပွဲသည် (၄) နာရီခန့်ကြာမြင့်ခဲ့သည်။ ခမရ(၇)သည် အထိနာသောကြောင့် နေ့လယ် (၁) နာရီ(၁၀) မိနစ်မှ (၁) နာရီ(၄၀) မိနစ်အထိလည်းကောင်း၊ ညနေ(၃) နာရီ(၄၀) မှ (၄) နာရီခန့်အထိလည်းကောင်းဂျက်တိုက်လေယာဉ်(၂) စီးစီဖြင့် တလှည့်စီလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စက်သေနတ်များဖြင့်လည်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂)ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) ၏ပတ်ဝန်းကျင်များသို့ရန်သူသည် ဂျက်လေယာဉ်(၂) စီးဖြင့် ယခင်ထက်ပေါက်ကွဲအားပိုမိုပြင်းထန်သောဗုံးများဖြင့် "မီးချောင်း" ပတ်ဝန်းကျင်အားဗုံးကြဲချတိုက်ခိုက်ခဲ့သကဲ့သို့ စက်သေနတ်များ၊ ရော့ကတ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မီးချောင်းတံတားအနီးကျရောက်ပေါက်ကွဲသောမီးလောင်ဗုံးများသည် ပေါက်ကွဲအားပိုမိုပြင်းခြင်း၊ မီးလောင်ကျွမ်းသည့်ဧရိယာ ပိုများခြင်းတို့အပြင် အနီးအနားပတ်ဝန်းကျင်မှ ကလေးသူငယ်အခိုျ့၊ ရွာသားအခိုျ့မှာ နှာခေါင်း၊နားစည်မှသွေးယိုခြင်းများကိုဖြစ်ပေါ်စေကြောင်း ကြားသိရသည်။ (အဆိုပါကိစ္စရပ်အား မိမိတို့အနေဖြင့်အသေးစိပ်စုံစမ်းနေဆဲပင်ဖြစ်သည်)

အပြန်အလှန်ထိုးစစ်များနှင့်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သော ဗျူဟာကုန်းပတ်ဝန်းကျင်၌လည်း အပြန်အလှန်ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။

(၃) ကျောက်တော်မြို့နယ်၊ရုပ်သားရွာအနီးတွင် မြန်မာ့တပ်မတော်၏ အင်အား(၈၀) ခန့်ပါသောစစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ မတ်လ(၇) ရက်၊နေ့လယ်(၂) နာရီ(၃၈) မိနစ်တွင် မိနစ်အနည်းကြာတိုက်ခိုက်ခဲ့သည်။

(၄) ရသေ့တောင်မြို့နယ်၊ အောင်ဇေယျရွာအရှေ့ဖက်တွင်လည်း အင်အား(၂၀၀) ခန့်ရှိသော မြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုအား နံနက်(၁၀) နာရီ(၃၂) မိနစ်တွင်တစ်ကြိမ်၊ နေ့လယ်(၂) နာရီ(၂၈) မိနစ်တွင်တစ်ကြိမ် မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ (၂) ကြိမ်ထိတွေ့မှုအတွင်း ရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

(၅) မီးဝရွာ၊ အရှေ့ဖက်တောင်တန်း၌ မြန်မာ့တပ်မတော်၏ စစ်ကြောင်းတစ်ခုအားလိုက်လံရှင်းလင်းရာ တပ်မ(၇၇) လက်အောက်ခံတပ်ရင်း(အမည်လောလောဆယ်မသိရသေး) တစ်ခု၏ပစ္စတို(၁) လက်၊ (၆၀) မမ-ပြောင်းရှည်(၁) လက်၊ လက်နက်ငယ်(၇) လက်၊အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ ခဲယမ်းအပါအဝင် ရုံးသုံးစာရွက်စာတမ်းအချို့အားသိမ်းဆည်းရမိခဲ့သည်။ ( သိမ်းဆည်းရမိပစ္စည်းများ၏ဓာတ်ပုံအားနောက်နေ့များတွင် ထပ်မံတင်ပေးပါမည်)


(၆)အမ်းမြို့နယ်၊ အရိုးတောင်ကျေးရွာ၏အရှေ့မြောက်ဖက်(၁.၅) ကီလိုမီတာအကွာအဝေးရှိ ယမန်နေ့တိုက်ပွဲဖြစ်ပွားရာနေရာပတ်ဝန်းကျင်သို့ မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။တိုက်ပွဲများထပ်မံဖြစ်ပွားခြင်း ရှိ/မရှိလောလောဆယ်မသိရသေးပါ။သိရှိရပါက ထပ်မံတင်ပေးသွားပါမည်။



(၇) ရန်သူသည် နေ့တိုင်းနီးပါးအမ်း၊ မြေပုံမြို့နယ်အတွင်းရှိကျေးရွာများအတွင်းသို့လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိဦးတည်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

(၈)ယခုရက်သတ္တပတ်အတွင်း ရန်သူသည် ကျေးရွာများအတွင်းရမ်းသန်းပစ်ခတ်ခြင်းထက် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်မှုများကိုပိုမိုလုပ်ဆောင်လာခြင်း၊ လက်နက်ခဲယမ်း၊စစ်အင်အားများကိုထပ်မံဖြည့်တင်းခြင်း စသည်တို့ကိုဆက်တိုက်လုပ်ဆောင်နေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်စွာလုပ်ဆောင်နေခဲ့သည်။ ထို့ကြောင့်တိုက်ပွဲများဆင်လက်ဖြစ်ပွားနေပြီး တစ်ရက်ထက်တစ်ရက်ပိုမိုပြင်းထန်လျက်ရှိသည်။

(၉) "မတ်လ(၆) ရက် နောက်ဆက်တွဲသတင်း"
၂၀၂၀ ခုနှစ်၊ မတ်လ(၆) ရက်၊ညနေ (၆) နာရီ (၅၅) မိနစ်တွင် အမ်းမြို့နယ်၊ အရိုးတောင်ကျေးရွာ၏အရှေ့မြောက်ဖက်(၁.၅) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဆုတ်ခွာထွက်ပြေးသွားသော ရန်သူအားရက္ခိုင့်တပ်တော်မှလိုက်လံရှင်းလင်းတိုက်ခိုက်ရာတပ်မ(၆၆) ၊ တပ်ရင်း(စုံစမ်းဆဲ) ၏ရန်သူ့အလောင်း(၂) လောင်း၊ သေနတ်(၂) လက် နှင့် လက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိခဲ့သည်။ ညတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် တိုင်းပြည်နှင့်လူမိုျးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော သူရဲကောင်းစစ်သည်တို့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this