၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၄) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 15-Jan-2020

Nyo Twan Awng

#Unicode ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၁၄) ရက်နေ့တွင် မိမိတို့ရက္ခိုင့်တပ်တော်အနေဖြင့် ပလက်ဝမြို့နယ်၊ကြွေသောင်ရွာ၊အနောက်ဖက်(၅.၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်၌နံနက်(၁၀) နာရီ(၃၅) မိနစ်မှစတင်၍မြန်မာ့တပ်မတော်၏ အင်အား(၃၀၀) ခန့်ရှိသော တပ်မ(၁၁) လက်အောက်ခံ၊ခမရ(၂၁၂) နှင့် ခမရ(၂၁၅) ပူးပေါင်းတပ်ရင်းများနှင့်ရက္ခိုင့်တပ်တော်လှုပ်ရှားစစ်ကြောင်းတို့ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်သည် မိမိတို့ရှိရာနေရာသို့ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ယခုကဲ့သို့တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။ ရန်သူသည်(၁) နာရီကျော်ကြာထိုးစစ်ဆင်သော်လည်း မိမိတို့တပ်ဖွဲ့ဝင်များမှ အကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့သောကြောင့် ရန်သူသည် တပ်လန်သွားပြီးနောက်ဆုတ်သွားခဲ့သည်။ထို့နောက်အဝေးမှနေ၍လက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ရန်သူ့လက်နက်ကြီးအစထိမှန်မှုကြောင့် အလတ်စားဒဏ်ရာရသူ(၃) ဦးရှိခဲ့သည်။ အင်အားအလွန်အကျွံသုံးစွဲတိုက်ခိုက်ခဲ့သော ရန်သူ၏တပ်မ(၁၁) လက်အောက်ခံတပ်ရင်းများမှထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။ မြန်မာ့တပ်မတော်သည် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များ၌ယခင်နေ့ရက်များနည်းတူယနေ့တွင်လည်းလက်နက်ကြီးများဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သို့သော်အကြိမ်အရေအတွက်မှာ (၂၀) ကြိမ်နီးပါးသာရှိခဲ့သည်။ မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားလိုသောကြောင့် တန်ပြန်ထိုးစစ်များကိုမပြုလုပ်သော်လည်းမြန်မာ့တပ်မတော်မှဤကဲ့သို့လက်နက်ကြီးများကိုနေ့တိုင်းပစ်ခတ်တိုက်ခိုက်နေသောကြောင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသည့်မည်သည့်နေရာကိုမဆို အခြေအနေ၏လိုအပ်ချက်အရတိုက်ခိုက်သွားမည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ျပည့္ႏွစ္၊ဇန္နဝါရီလ(၁၄) ရက္ေန႔တြင္ မိမိတို႔ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ပလက္ဝၿမိဳ႕နယ္၊ေႂကြေသာင္ရြာ၊အေနာက္ဖက္(၅.၅) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚ၌နံနက္(၁၀) နာရီ(၃၅) မိနစ္မွစတင္၍ျမန္မာ့တပ္မေတာ္၏ အင္အား(၃၀၀) ခန္႔ရွိေသာ တပ္မ(၁၁) လက္ေအာက္ခံ၊ခမရ(၂၁၂) ႏွင့္ ခမရ(၂၁၅) ပူးေပါင္းတပ္ရင္းမ်ားႏွင့္ရကၡိဳင့္တပ္ေတာ္လွုပ္ရွားစစ္ေၾကာင္းတို႔ထိေတြ႕တိုက္ခိုက္မႈျဖစ္ပြားခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ မိမိတို႔႐ွိရာေနရာသို႔ထိုးစစ္ဆင္တိုက္ခိုက္လာေသာေၾကာင့္ ယခုကဲ့သို႔တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္။ ရန္သူသည္(၁) နာရီေက်ာ္ၾကာထိုးစစ္ဆင္ေသာ္လည္း မိမိတို႔တပ္ဖြဲ႕ဝင္မ်ားမွ အေကာင္းဆံုးခုခံကာကြယ္ႏိုင္ခဲ့ေသာေၾကာင့္ ရန္သူသည္ တပ္လန္သြားၿပီးေနာက္ဆုတ္သြားခဲ့သည္။ထို႔ေနာက္အေဝးမွေန၍လက္နက္ႀကီးမ်ားျဖင့္သာပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ရန္သူ႔လက္နက္ႀကီးအစထိမွန္မႈေၾကာင့္ အလတ္စားဒဏ္ရာရသူ(၃) ဦးရွိခဲ့သည္။ အင္အားအလြန္အကြ်ံသံုးစြဲတိုက္ခိုက္ခဲ့ေသာ ရန္သူ၏တပ္မ(၁၁) လက္ေအာက္ခံတပ္ရင္းမ်ားမွထိခိုက္ဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ ဘူးသီးေတာင္၊ ရေသ့ေတာင္ၿမိဳ႕နယ္မ်ား၌ယခင္ေန႔ရက္မ်ားနည္းတူယေန႔တြင္လည္းလက္နက္ႀကီးမ်ားျဖင့္ထပ္မံပစ္ခတ္တိုက္ခိုက္ခဲ့သည္။ သို႔ေသာ္အႀကိမ္အေရအတြက္မွာ (၂၀) ႀကိမ္နီးပါးသာရွိခဲ့သည္။ မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားမျဖစ္ပြားလိုေသာေၾကာင့္ တန္ျပန္ထိုးစစ္မ်ားကိုမျပဳလုပ္ေသာ္လည္းျမန္မာ့တပ္မေတာ္မွဤကဲ့သို႔လက္နက္ႀကီးမ်ားကိုေန႔တိုင္းပစ္ခတ္တိုက္ခိုက္ေနေသာေၾကာင့္ လက္နက္ႀကီးပစ္ခတ္တိုက္ခိုက္ေနသည့္မည္သည့္ေနရာကိုမဆို အေျခအေန၏လိုအပ္ခ်က္အရတိုက္ခိုက္သြားမည္။ တိုက္ပြဲမ်ားအတြင္းသတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ေသာအာရကၡစစ္သည္ေတာ္မ်ားအားဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .