၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၇/၂၈) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 28-Mar-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၇)ရက်နေ့တွင် မိမိတို့အဖို့ တိုက်ပွဲကြီးကြီးမားမားမရှိသော်လည်း စစ်ရာဇဝတ်တပ် နယ်ချဲ့အကြမ်းဖက်မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းတို့အား ပလက်ဝ၊ အမ်း၊မြေပုံမြို့နယ်များအတွင်း၌ ကြိုကြားကြိုကြားပြုလုပ်ခဲ့သည်။



၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၈) ရက်၊ စနေနေ့၊တွင်မူ ပလက်ဝ၊ အမ်း၊ မင်းပြား၊ မြေပုံမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ရှိခဲ့သည်။ မတ်လ(၂၈) ရက်တစ်နေ့တည်း၌ပင် စစ်ရာဇဝတ်တပ်ဖွဲ့ဝင်(၂၀) ဦးခန့်အား တိုက်ပွဲ(၄) နေရာအတွင်းသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။


(၁)ပလက်ဝမြို့နယ်၊  BP-71 မြောက်ဖက်(၁.၃) ကီလိုမီတာအကွာအဝေး၌၂၀၂၀ ပြည့်နှစ်၊မတ်လ(၂၈) ရက်၊ နံနက်(၈) နာရီ(၁၅)မိနစ်မှ (၈) နာရီ (၄၅) မိနစ်ခန့်အထိ မိနစ်သုံးဆယ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ သေဆုံးသူ(၁) ဦးရှိခဲ့သည်။ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်။


(၂) အမ်းမြို့နယ်၊ ဒလက်ချောင်း အရှေ့ဖက်၊ ကြိတ်ချောင်းရွာ အရှေ့မြောက်ဖက်(၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်၌လည်း နံနက်(၉) နာရီမှစတင်ပြီးထိတွေ့မှုဖြစ်ပွားခဲ့သည်။ ရန်သူသည် လက်နက်ကြီးများ၊ လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့လက်နက်ကြီးကျည်များမှာ ရပ်ရွာများအနီးကျရောက်ပေါက်ကွဲမှုရှိခဲ့သည်။


(၃) မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာမြောက်ဖက်(၁) ကီလိုမီတာအကွာအဝေးရှိနေရာ၌လည်း နေ့လယ်(၁၂) နာရီ(၃၀) မိနစ်၌ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အသေးစိပ်မသိရသေးပါ။


(၄) ပုဏ္ဏားကျွန်းမြို့နယ်၊ပေါက်တောပြင်ရွာမြောက်ဖက်၊ (၈၀၀) မီတာခန့်အကွအဝေးရှိတောင်ကုန်း၌လည်း တပ်မ(၂၂) လက်အောက်ခံ၊ ခမရ(၂၀၂) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ ညနေ(၆) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးအချိန်တိုတိုအတွင်း ရန်သူ(၁၀) ကျော်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့အပြင် ရန်သူ့ဖက် မှ နောက်ထပ်(၁၀) ကျော် ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်။ ရန်သူသည် အထိနာသွားပြီးနောက် ထုံးစံအတိုင်းလက်နက်ကြီးများဖြင့်နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းသို့ဦးတည်ပစ်ခတ်တိုက်ခိုက်ခြင်းများကိုပြုလုပ်ခဲ့သည်။ ထို့ကြောင့် အရပ်သား(၁) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .