၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၁) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 11-Feb-2020

Nyo Twan Awng

#Unicode ဖေဖော်ဝါရီလ(၁၁) ရက်နေ့တွင်ကျောက်တော်၊ပလက်ဝ၊မင်းပြား၊ ရသေ့တောင်မြို့နယ်များအတွင်း၌ ယခင်နေ့ရက်များကဖြစ်ပွားခဲ့သောနေရာများအပြင် အခြားနေရာအချို့၌တိုက်ပွဲများဆက်လက်ရှိနေခဲ့ပြီး ပလက်ဝ နှင့် ကျောက်တော်မြို့နယ်အတွင်းဖြစ်ပွားနေသောရက်ဆက်တိုက်ပွဲများမှာ တစ်ပတ်အထိကြာမြင့်ခဲ့ပြီဖြစ်သည်။ (၁) ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) တစ်ခုအနီး၌ ဖေဖော်ဝါရီလ(၅) ရက်မှ စတင်၍တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ယနေ့ဖေဖော်ဝါရီလ(၁၁) ရက်နေ့ဆိုလျှင် ရက်ဆက်တိုက်ပွဲ" (၆)ရက်မြောက်နေ့" သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တပြိုင်နက်တည်းတွင် နှစ်ဖက်အပြန်အလှန်ထိုးစစ် များနှင့်အတူတိုက်ပွဲအရှိန်မှာလည်းဆက်လက်မြင့်တက်နေခဲ့သည်။ ယနေ့တွင် ရန်သူသည် ဗျူဟာကုန်းပတ်ဝန်းကျင်အား ရဟတ်ယာဉ်၊ဂျက်တိုက်လေယာဉ်များဖြင့်လာရောက်တိုက်ခိုက်ခြင်းမရှိဘဲ မြေပြင်မှအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများသာဆက်လက်ရှိနေခဲ့သည်။ (၂) ကျောက်တော်မြို့နယ်၊ ဝက်မကျရွာအနီး၊ (ယခင်နေ့ရက်များ၌တင်းမရွာအနီးဟုရေးသားဖော်ပြ)ကုလားတန်မြစ်အရှေ့ဖက်ကမ်းတောင်တန်းပေါ်တွင် နံနက်(၇) နာရီခန့်မှစတင်ပြီးတိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဤနေရာပတ်ဝန်းကျင်( ဝက်မကျ နှင့် တင်းမကြား)၌လည်းဖေဖော်ဝါရီလ(၆) ရက်နေ့မှစတင်ဖြစ်ပွားနေခဲ့သည်မှာ ယနေ့ဖေဖော်ဝါရီလ(၁၁) ရက်နေ့ဆိုလျှင် ရက်ဆက်တိုက်ပွဲ(၅) ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်။ (၃)ပလက်ဝမြို့နယ်၊ အဘောင်သားရွာအနောက်ဖက်(၂.၇) ကီလိုမီတာအကွာအဝေးရှိတောင်တမ်းပေါ်တွင်လည်းနေ့လယ်(၂) နာရီ(၂၀) မိနစ်မှ ညနေ(၄) နာရီကျော်အထိ တပ်မ(၁၁) လက်အောက်ခံ၊ရဲမွန်အခြေစိုက်၊ခမရ(၂၂၀) တပ်ရင်းနှင့်တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရန်သူဖက်မှကျဆုံးသူများရှိခဲ့သည်။ ရန်သူသည်လက်နက်ကြီးပစ်ကူ အကြိမ်(၁၀၀) ကျော်အထိပစ်ခတ်တိုက်ခိုက်ခဲ့သည်။ (၄)ယခုတိုက်ပွဲဖြစ်ပွားရာနေရာနှင့်(၉) ကီလိုမီတာအကွာအဝေး၌ လူ၊ရိက္ခာ နှင့်လက်နက်ခဲယမ်းများလာချသောရဟတ်ယာဉ်(၂) စီးထဲမှ(၁) စီးအားမိမိတို့အနေဖြင့်အလုံးစုံပျက်စီးအောင်မပစ်နိုင်သော်လည်း အနည်းငယ်ထိခိုက်မှုရှိအောင်ပစ်ချနိုင်ခဲ့သည်။ ၎င်းရဟတ်ယာဉ်သည် မြေပြင်တွင်ဆင်းသက်ခြင်းမပြုနိုင်ဘဲမီးခိုးတန်းလန်းဖြင့်ထွက်ပြေးသွားခဲ့သည်။ (၅)ရသေ့တောင်မြို့နယ်၊ ပေါက်တောပြင်ရွာအရှေ့မြောက်(၁) ကီလိုမီတာခန့်အကွာအဝေးတွင်လည်း မိနစ်(၂၀) ခန့်ထိတွေ့မှုဖြစ်ပွားခဲ့သည်။ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သော နေရာ(၄) နေရာအတွင်း ရန်သူ(၁၀) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်(၂) ဦးတိုင်းပြည်နှင့်လူမျိုး အတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ေဖေဖာ္ဝါရီလ(၁၁) ရက္ေန႔တြင္ေက်ာက္ေတာ္၊ပလက္ဝ၊မင္းျပား၊ ရေသ့ေတာင္ျမိဳ႕နယ္မ်ားအတြင္း၌ ယခင္ေန႔ရက္မ်ားကျဖစ္ပြားခဲ့ေသာေနရာမ်ားအျပင္ အျခားေနရာအခိ်ဳ႕၌တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့ၿပီး ပလက္ဝ ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းျဖစ္ပြားေနေသာရက္ဆက္တိုက္ပြဲမ်ားမွာ တစ္ပတ္အထိၾကာျမင့္ခဲ့ၿပီျဖစ္သည္။ (၁) ပလက္ဝၿမိဳ႕နယ္၊ မီးေခ်ာင္းတံတားအနီး ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးပစ္ကူေပးေနေသာအေျမာက္စခန္း(ဗ်ဴဟာကုန္း) တစ္ခုအနီး၌ ေဖေဖာ္ဝါရီလ(၅) ရက္မွ စတင္၍တိုက္ပြဲျဖစ္ပြားေနခဲ့သည္မွာ ယေန႔ေဖေဖာ္ဝါရီလ(၁၁) ရက္ေန႔ဆိုလွ်င္ ရက္ဆက္တိုက္ပြဲ" (၆)ရက္ေျမာက္ေန႔" သို႔ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။ တၿပိဳင္နက္တည္းတြင္ ႏွစ္ဖက္အျပန္အလွန္ထိုးစစ္ မ်ားႏွင့္အတူတိုက္ပြဲအရွိန္မွာလည္းဆက္လက္ျမင့္တက္ေနခဲ့သည္။ ယေန႔တြင္ ရန္သူသည္ ဗ်ဴဟာကုန္းပတ္ဝန္းက်င္အား ရဟတ္ယာဥ္၊ဂ်က္တိုက္ေလယာဥ္မ်ားျဖင့္လာေရာက္တိုက္ခိုက္ျခင္းမရွိဘဲ ေျမျပင္မွအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားသာဆက္လက္ရွိေနခဲ့သည္။ (၂) ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဝက္မက်ရြာအနီး၊ (ယခင္ေန႔ရက္မ်ား၌တင္းမရြာအနီးဟုေရးသားေဖာ္ျပ)ကုလားတန္ျမစ္အေရွ႕ဖက္ကမ္းေတာင္တန္းေပၚတြင္ နံနက္(၇) နာရီခန္႔မွစတင္ၿပီးတိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။ ဤေနရာပတ္ဝန္းက်င္( ဝက္မက် ႏွင့္ တင္းမၾကား)၌လည္းေဖေဖာ္ဝါရီလ(၆) ရက္ေန႔မွစတင္ျဖစ္ပြားေနခဲ့သည္မွာ ယေန႔ေဖေဖာ္ဝါရီလ(၁၁) ရက္ေန႔ဆိုလွ်င္ ရက္ဆက္တိုက္ပြဲ(၅) ရက္ေျမာက္ေန႔သို႔ေရာက္ရွိလာခဲ့ၿပီး တိုက္ပြဲမ်ားဆက္လက္ျပင္းထန္လ်က္ရွိသည္။ (၃)ပလက္ဝၿမိဳ႕နယ္၊ အေဘာင္သားရြာအေနာက္ဖက္(၂.၇) ကီလိုမီတာအကြာအေဝးရွိေတာင္တမ္းေပၚတြင္လည္းေန႔လယ္(၂) နာရီ(၂၀) မိနစ္မွ ညေန(၄) နာရီေက်ာ္အထိ တပ္မ(၁၁) လက္ေအာက္ခံ၊ရဲမြန္အေျခစိုက္၊ခမရ(၂၂၀) တပ္ရင္းႏွင့္တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္။ ရန္သူဖက္မွက်ဆံုးသူမ်ားရွိခဲ့သည္။ ရန္သူသည္လက္နက္ႀကီးပစ္ကူ အႀကိမ္(၁၀၀) ေက်ာ္အထိပစ္ခတ္တိုက္ခိုက္ခဲ့သည္။ (၄)ယခုတိုက္ပြဲျဖစ္ပြားရာေနရာႏွင့္(၉) ကီလိုမီတာအကြာအေဝး၌ လူ၊ရိကၡာ ႏွင့္လက္နက္ခဲယမ္းမ်ားလာခ်ေသာရဟတ္ယာဥ္(၂) စီးထဲမွ(၁) စီးအားမိမိတို႔အေနျဖင့္အလံုးစံုပ်က္စီးေအာင္မပစ္ႏိုင္ေသာ္လည္း အနည္းငယ္ထိခိုက္မႈရွိေအာင္ပစ္ခ်ႏိုင္ခဲ့သည္။ ၎ရဟတ္ယာဥ္သည္ ေျမျပင္တြင္ဆင္းသက္ျခင္းမျပဳႏိုင္ဘဲမီးခိုးတန္းလန္းျဖင့္ထြက္ေျပးသြားခဲ့သည္။ (၅)ရေသ့ေတာင္ၿမိဳ႕နယ္၊ ေပါက္ေတာျပင္ရြာအေရွ႕ေျမာက္(၁) ကီလိုမီတာခန္႔အကြာအေဝးတြင္လည္း မိနစ္(၂၀) ခန္႔ထိေတြ႕မႈျဖစ္ပြားခဲ့သည္။ ယေန႔တိုက္ပြဲျဖစ္ပြားခဲ့ေသာ ေနရာ(၄) ေနရာအတြင္း ရန္သူ(၁၀) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ မိမိတို႔ဖက္မွလည္း အာရကၡစစ္သည္ေတာ္(၂) ဦးတိုင္းျပည္ႏွင့္လူမိ်ဳး အတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရသည္။ တိုက္ပြဲမ်ားအတြင္းသတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ေသာ အာရကၡစစ္သည္ေတာ္မ်ားအား ဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this