မြန်မာ့တပ်မတော်မှထောင်ထားသောနင်းမိုင်းကြောင့်ရသေ့တောင်မြို့နယ်၊င/စံဘော်ရွာမှ (၁)ဦးသေ၍(၂) ဦးဒဏ်ရာရ

blog

Date : 02-Feb-2020

#Unicode ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂) ရက် မြန်မာ့တပ်မတော်သည် ရခိုင်ဒေသ၏ထိုးစစ်များအတွင်းအထိနာကာ အထိအခိုက်၊ အကျအဆုံးများပြားလျက်ရှိသောကြောင့် လူမျိုးရေးအမုန်းတရားများဖြင့်အရပ်သားပြည်သူများသွားလာနေသည့်လမ်းများတွင်သာမက လုပ်ငန်းခွင်များအတွင်းဝင်ရောက်မိုင်းထောင်သည့်လုပ်ရပ်များကိုပါ လက်ရဲဇက်ရဲပြုလုပ်လာနေသည်။ စစ်ရာဇဝတ်ခုံရုံးတွင် အစစ်ဆေးခံရသည့်ကြား၌ပင် ကျေးရွာမျာနှင့်ရွာသူရွာသားများအား လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကိုထပ်မံကျူးလွန်လျက်ရှိသည်။ ထို့အတူနင်းမိုင်းများ၊ စွန့်လွှတ်မိုင်းများထောင်ထားပြီး ပြည်သူလူထုများဒုက္ခရောက်စေရန် ၊ သေကြေစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ထားခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၂) ရက်၊ နေ့လည် (၁)နာရီ(၄၅)မိနစ်အချိန်တွင် ရသေ့တောင်မြို့နယ်၊ င/စံဖော်ရွာ၊အနီးရှိ လယ်ကွင်းထဲတွင် မြန်မာ့တပ်မတော်မှ စပါးပုံအနီးတွင်ထောင်ထားခဲ့သောမိုင်းကြောင့် င/စံဘော်ကျေးရွာနေဦးသိန်းစိုးအောင်၊အသက်(၅၆) နှစ်မှာ င/စံဘော်ကျေးရွာ နှင့် အမျက်တောင်ကျေးရွာအားဆက်သွယ်ထားသောလူသွားလမ်းမပေါ်၌ မြန်မာ့တပ်မတော်မှထောင်ထားခဲ့သောနင်းမိုင်းအားနင်းမိ၍ ခြေထောက်နှစ်ဖက်စလုံးမှာပေါင်လယ်မှပြတ်သွားပြီးသွေးထွက်လွန်ကာ ဆေးရုံသို့သွားသည့်လမ်းခုလတ်၌သေဆုံးခဲ့သည်။ အခြား(၂) ဦးမှာလည်း မိုင်းဒဏ်ရာများရရှိခဲ့သည်။ ယခုအချိန်ကာလသည် တလင်းသိမ်းချိန်(စပါးရိတ်သိမ်းချိန်) ကာလဖြစ်ပြီး ရိတ်သိမ်းဆဲစပါးများ၊ စပါးခင်းရှိကောက်ရိုးပုံများကိုပါ မီးရှို့ဖျက်ဆီးသည့်အလုပ်များကိုလုပ်ဆောင်လျက်ရှိသည်။ ဖေဖော်ဝါရီလ(၁) ရက်နေ့၊ညနေ(၄) နာရီ(၃၅) မိနစ်ခန့်မှစတင်ပြီးမြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုသည်ရသေ့တောင်မြို့နယ်၊မညင်းတောင်၊ အမျက်တောင်ရွာရှိ ရွာသူ/ရွာသားများပိုင်ဆိုင်သည့် စပါးပုံ၊ ကောက်ရိုးပုံများကို လယ်ကွင်းများအတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့ကြောင့် စပါးပုံ၊ ကောက်ရိုးပုံအချို့မှာ တစ်နာရီကျော်ကြာမြင့်သည်အထိမီးလောင်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ(၂) ရက္ ျမန္မာ့တပ္မေတာ္သည္ ရခိုင္ေဒသ၏ထိုးစစ္မ်ားအတြင္းအထိနာကာ အထိအခိုက္၊ အက်အဆံုးမ်ားျပားလ်က္ရွိေသာေၾကာင့္ လူမိ်ဳးေရးအမုန္းတရားမ်ားျဖင့္အရပ္သားျပည္သူမ်ားသြားလာေနသည့္လမ္းမ်ားတြင္သာမက လုပ္ငန္းခြင္မ်ားအတြင္းဝင္ေရာက္မိုင္းေထာင္သည့္လုပ္ရပ္မ်ားကိုပါ လက္ရဲဇက္ရဲျပဳလုပ္လာေနသည္။ စစ္ရာဇဝတ္ခံုရံုးတြင္ အစစ္ေဆးခံရသည့္ၾကား၌ပင္ ေက်းရြာမ်ာႏွင့္ရြာသူရြာသားမ်ားအား လက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ရမ္းသန္းပစ္ခတ္ တိုက္ခိုက္ျခင္းမ်ားကိုလည္း ဆက္တိုက္ျပဳလုပ္ကာ စစ္ရာဇဝတ္မႈမ်ားကိုထပ္မံက်ဴးလြန္လ်က္ရွိသည္။ ထို႔အတူနင္းမိုင္းမ်ား၊ စြန္႔လႊတ္မိုင္းမ်ားေထာင္ထားၿပီး ျပည္သူလူထုမ်ားဒုကၡေရာက္ေစရန္ ၊ ေသေၾကေစရန္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ ျပဳလုပ္ထားခဲ့သည္။ ၂၀၂၀ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၂) ရက္၊ ေန႔လည္ (၁)နာရီ(၄၅)မိနစ္အခိ်န္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ င/စံေဖာ္ရြာ၊အနီးရွိ လယ္ကြင္းထဲတြင္ ျမန္မာ့တပ္မေတာ္မွ စပါးပံုအနီးတြင္ေထာင္ထားခဲ့ေသာမိုင္းေၾကာင့္ င/စံေဘာ္ေက်းရြာေနဦးသိန္းစိုးေအာင္၊အသက္(၅၆) ႏွစ္မွာ င/စံေဘာ္ေက်းရြာ ႏွင့္ အမ်က္ေတာင္ေက်းရြာအားဆက္သြယ္ထားေသာလူသြားလမ္းမေပၚ၌ ျမန္မာ့တပ္မေတာ္မွေထာင္ထားခဲ့ေသာနင္းမိုင္းအားနင္းမိ၍ ေျခေထာက္ႏွစ္ဖက္စလံုးမွာေပါင္လယ္မွျပတ္သြားၿပီးေသြးထြက္လြန္ကာ ေဆးရံုသို႔သြားသည့္လမ္းခုလတ္၌ေသဆံုးခဲ့သည္။ အျခား(၂) ဦးမွာလည္း မိုင္းဒဏ္ရာမ်ားရရွိခဲ့သည္။ ယခုအခိ်န္ကာလသည္ တလင္းသိမ္းခိ်န္(စပါးရိတ္သိမ္းခိ်န္) ကာလျဖစ္ၿပီး ရိတ္သိမ္းဆဲစပါးမ်ား၊ စပါးခင္းရွိေကာက္႐ိုးပံုမ်ားကိုပါ မီးရိႈ႕ဖ်က္ဆီးသည့္အလုပ္မ်ားကိုလုပ္ေဆာင္လ်က္ရွိသည္။ ေဖေဖာ္ဝါရီလ(၁) ရက္ေန႔၊ညေန(၄) နာရီ(၃၅) မိနစ္ခန္႔မွစတင္ၿပီးျမန္မာ့တပ္မေတာ္၏စစ္ေၾကာင္းတစ္ခုသည္ရေသ့ေတာင္ၿမိဳ႕နယ္၊မညင္းေတာင္၊ အမ်က္ေတာင္ရြာရွိ ရြာသူ/ရြာသားမ်ားပိုင္ဆိုင္သည့္ စပါးပံု၊ ေကာက္႐ိုးပံုမ်ားကို လယ္ကြင္းမ်ားအတြင္း၌ မီး႐ိႈ႕ဖ်က္ဆီးခဲ့ၾကသည္။ ထို႔ေၾကာင့္ စပါးပံု၊ ေကာက္ရိုးပံုအခိ်ဳ႕မွာ တစ္နာရီေက်ာ္ၾကာျမင့္သည္အထိမီးေလာင္ခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .