မြန်မာ့တပ်မတော်မှ မိမိတို့အားစွပ်စွဲရေးသားထားသည့်သတင်းနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်းငြင်းဆိုခြင်း

blog

Date : 22-Jan-2020

Nyo Twan Awng

#Unicode ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂၂) ရက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၂၀ ခုနှစ်၊ဇန်နဝါရီလ(၂၁) ရက်နေ့စွဲဖြင့်ရေးသားထုတ်ပြန်ထားသည့်" အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများက မော်တော်ယာဉ် တစ်စီးအား မီးရှို့ဖျက်ဆီး၊ ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင် " ဟူသောသတင်းနှင့်ပတ်သက်၍ အဆိုပါသတင်း နှင့် သတင်းထဲတွင်ပါရှိသည့်အကြောင်းအရာအချက်အလက်များမှာ သတင်းမှား၊ သတင်းလိမ်၊ လုပ်ကြံဖန်တီးသည့်သတင်းသာဖြစ်ပြီး မိမိတို့နှင့်ပတ်သက်မှုမရှိကြောင်းလုံးဝပြတ်သားစွာငြင်းလိုပါသည်။ မြန်မာအစိုးရစစ်တပ်တစ်ခုမှ ယခုကဲ့သို့ မဟုတ်မမှန်သောသတင်းများကို ရေးသားဖော်ပြနေခြင်းမှာ အောက်တန်းကျသောလုပ်ရပ်၊ ဂုဏ်သိက္ခာကင်းမဲ့သောလုပ်ရပ်၊ နိုင်ငံရေးမဆန်သောလုပ်ရပ်၊ ယုတ်မာသောလုပ်ရပ်တစ်ခုသာဖြစ်သည်။ မြန်မာ့တပ်မတော်ဟုခေါ်သော စစ်ရာဇဝတ်တပ်ဖွဲ့ သည် ရက္ခိုင့်တပ်တော်အား စစ်ရေးအရမယှဉ်ပြိုင်နိုင်သောအနေအထားနှင့်အတူ နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံးတွင်တရားစွဲဆိုခြင်းခံနေရသောအချိန်ကာလများ၌ သွေးရူးသွေးတန်းလုပ်ဆောင်သည့်လုပ်ရပ်တစ်ခုလည်းဖြစ်သည်။ မိမိတို့အားစွပ်စွဲထားသောသတင်း၏"အနီးစပ်ဆုံးဖြစ်စဉ်အမှန်"မှာ မြန်မာ့တပ်မတော်၏ အမ်းအခြေစိုက် ခမရ(၃၇၃) တပ်ရင်းမှ အရာရှိတစ်ဦးပိုင်ဆိုင်သောကားတစ်စီးမှာ "မဲလမောင်းကျေးရွာ"အနီးရှိ ကျောက်ပုံအားဝင်တိုက်မိရာမှ ကားဝါယာရိန်းချော့ဖြစ်ပြီး ကားတစ်စီးလုံးမီးလောင်သွားခြင်းဖြစ်သည်။ ကားပိုင်ရှင်မှာ ခမရ(၃၇၃) တပ်ရင်း၏အရာရှိတစ်ဦး၏သားဖြစ်ပြီး ကားပေါ်လိုက်လာသူအချို့မှာ မီးလောင်ဒဏ်ရာအချို့ရရှိသွားခဲ့သည်ဟု မိမိတို့စုံစမ်းသိရှိရပါသည်။ကားမီးလောင်နေစဉ်အတွင်း အခင်းဖြစ်ပွားသည့်နေရာအား လမ်းပိတ်ထားရုံသာမက အရပ်သားပြည်သူများသိရှိခြင်းမရှိစေရန်နှင့် သတင်းမှားများရေးသားရန်ရည်ရွယ်ချက်ရှိရှိဖြင့်ပိတ်ထားကြောင်းသိရှိရပါသည်။ထို့နောက် ၎င်းဒဏ်ရာရသူ(၃/၄) ဦးအား အမ်း၊စစ်ဆေးရုံတွင်ကုသနေကြောင်းထပ်မံသိရှိရပါသည်။ ထို့ကြောင့် မြန်မာ့တပ်မတော်၏သတင်းထုတ်ပြန်ရေးအဖွဲ့သည် ၎င်းတို့၏ ခမရ(၃၇၃) တပ်ရင်းမှအရာရှိပိုင်ကားမီးလောင်သွားခြင်းအား မိမိတို့ထံ အပြစ်လွှဲချရုံသာမက နိုင်ငံရေးအရလုပ်ကြံခြင်းလည်းဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအနေဖြင့်သတင်းအမှားများကိုရေးသားနေရုံသာမက လုပ်ကြံဖန်တီးပြီး ယခုကဲ့သို့နှစ်ပေါက်တစ်ပေါက်ရိုက်သတင်းများကိုပါရေးသားလာခြင်းမှာ အစိုးရစစ်တပ်တစ်ခု၏လုပ်ရပ်များကို ဆန်းစစ်အကဲဖြတ်နိုင်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၂၂) ရက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးမွ ၂၀၂၀ ခုႏွစ္၊ဇန္နဝါရီလ(၂၁) ရက္ေန႔စြဲျဖင့္ေရးသားထုတ္ျပန္ထားသည့္" အမ္းၿမိဳ႔နယ္၊ မဲလက္ေမာင္းေက်းရြာအနီး၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ေမာ္ေတာ္ယာဥ္ တစ္စီးအား မီး႐ိႈ႔ဖ်က္ဆီး၊ ယာဥ္ေမာင္းအား ဖမ္းဆီးေခၚေဆာင္ " ဟူေသာသတင္းႏွင့္ပတ္သက္၍ အဆိုပါသတင္း ႏွင့္ သတင္းထဲတြင္ပါရွိသည့္အေၾကာင္းအရာအခ်က္အလက္မ်ားမွာ သတင္းမွား၊ သတင္းလိမ္၊ လုပ္ၾကံဖန္တီးသည့္သတင္းသာျဖစ္ၿပီး မိမိတို႔ႏွင့္ပတ္သက္မႈမရွိေၾကာင္းလံုးဝျပတ္သားစြာျငင္းလိုပါသည္။ ျမန္မာအစိုးရစစ္တပ္တစ္ခုမွ ယခုကဲ့သို႔ မဟုတ္မမွန္ေသာသတင္းမ်ားကို ေရးသားေဖာ္ျပေနျခင္းမွာ ေအာက္တန္းက်ေသာလုပ္ရပ္၊ ဂုဏ္သိကၡာကင္းမဲ့ေသာလုပ္ရပ္၊ ႏိုင္ငံေရးမဆန္ေသာလုပ္ရပ္၊ ယုတ္မာေသာလုပ္ရပ္တစ္ခုသာျဖစ္သည္။ ျမန္မာ့တပ္မေတာ္ဟုေခၚေသာ စစ္ရာဇဝတ္တပ္ဖြဲ႕ သည္ ရကၡိဳင့္တပ္ေတာ္အား စစ္ေရးအရမယွဥ္ၿပိဳင္ႏိုင္ေသာအေနအထားႏွင့္အတူ ႏိုင္ငံတကာစစ္ရာဇဝတ္ခံု႐ံုးတြင္တရားစြဲဆိုျခင္းခံေနရေသာအခိ်န္ကာလမ်ား၌ ေသြး႐ူးေသြးတန္းလုပ္ေဆာင္သည့္လုပ္ရပ္တစ္ခုလည္းျဖစ္သည္။ မိမိတို႔အားစြပ္စြဲထားေသာသတင္း၏"အနီးစပ္ဆံုးျဖစ္စဥ္အမွန္"မွာ ျမန္မာ့တပ္မေတာ္၏ အမ္းအေျခစိုက္ ခမရ(၃၇၃) တပ္ရင္းမွ အရာရွိတစ္ဦးပိုင္ဆိုင္ေသာကားတစ္စီးမွာ "မဲလေမာင္းေက်းရြာ"အနီး႐ွိ ေက်ာက္ပံုအားဝင္တိုက္မိရာမွ ကားဝါယာရိန္းေခ်ာ့ျဖစ္ၿပီး ကားတစ္စီးလံုးမီးေလာင္သြားျခင္းျဖစ္သည္။ ကားပိုင္ရွင္မွာ ခမရ(၃၇၃) တပ္ရင္း၏အရာရွိတစ္ဦး၏သားျဖစ္ၿပီး ကားေပၚလိုက္လာသူအခိ်ဳ႕မွာ မီးေလာင္ဒဏ္ရာအခိ်ဳ႕ရရွိသြားခဲ့သည္ဟု မိမိတို႔စံုစမ္းသိရွိရပါသည္။ကားမီးေလာင္ေနစဥ္အတြင္း အခင္းျဖစ္ပြားသည့္ေနရာအား လမ္းပိတ္ထားရံုသာမက အရပ္သားျပည္သူမ်ားသိရွိျခင္းမရွိေစရန္ႏွင့္ သတင္းမွားမ်ားေရးသားရန္ရည္ရြယ္ခ်က္ရွိရွိျဖင့္ပိတ္ထားေၾကာင္းသိရွိရပါသည္။ထို႔ေနာက္ ၎ဒဏ္ရာရသူ(၃/၄) ဦးအား အမ္း၊စစ္ေဆး႐ံုတြင္ကုသေနေၾကာင္းထပ္မံသိရွိရပါသည္။ ထို႔ေၾကာင့္ ျမန္မာ့တပ္မေတာ္၏သတင္းထုတ္ျပန္ေရးအဖြဲ႕သည္ ၎တို႔၏ ခမရ(၃၇၃) တပ္ရင္းမွအရာရွိ္ပိုင္ကားမီးေလာင္သြားျခင္းအား မိမိတို႔ထံ အျပစ္လႊဲခ်႐ံုသာမက ႏိုင္ငံေရးအရလုပ္ၾကံျခင္းလည္းျဖစ္သည္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးအေနျဖင့္သတင္းအမွားမ်ားကိုေရးသားေန႐ံုသာမက လုပ္ၾကံဖန္တီးၿပီး ယခုကဲ့သို႔ႏွစ္ေပါက္တစ္ေပါက္႐ိုက္သတင္းမ်ားကိုပါေရးသားလာျခင္းမွာ အစိုးရစစ္တပ္တစ္ခု၏လုပ္ရပ္မ်ားကို ဆန္းစစ္အကဲျဖတ္ႏိုင္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .