၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၇/၁၈) ရက်၊ ရခိုင်ပြည်(လက်ကျန်) တိုက်ပွဲသတင်းများ

blog

Date : 20-Nov-2019

Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်၊ နေ့လည် (၂) နာရီခန့်မှစတင်၍ရခိုင်ပြည်၊ကျောက်တော်မြို့နယ်၊ ညောင်ချောင်းရွာအရှေ့ဖက်(၈.၂) ကီလိုမီတာအကွာအဝေး(သို့မဟုတ်) ရန်းချောင်းအရှေ့ဖက်တောင်ကြောတွင် မြန်မာ့တပ်မတော်မှ မိမိတို့လှုပ်ရှားစစ်ကြောင်းရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်သည်။ ညနေ(၅) နာရီ(၃၀)မိနစ်ခန့် အထိအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲကြာမြင့်ချိန်(၃) နာရီ(၃၀) မိနစ်ခန့်ရှိခဲ့သည်။ ရန်သူသည် အင်အား(၄၀၀) ခန့်ဖြင့် မိမိတို့အားဘက်(၃) ဘက်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သောကြောင့် အထိအခိုက်အကျအဆုံးအချို့ဖြင့် ရန်သူသည်တပ်လန်သွားခဲ့သည်။ ဤတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၅) ဦးမျက်မြင်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ(၁၀) ဦးခန့်ထပ်မံရှိနိုင်သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရသူအချို့မှလွဲ၍ ကျဆုံးမှုမရှိခဲ့ပါ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၈) ရက်၊ နံနက်(၉) နာရီ(၃၀) မိနစ်တွင် မြေပုံမြို့နယ်၊ ရွာသာယာရွာမြောက်ဖက်(၆) ကီလိုမီတာခန့်အကွာအဝေးရှိတောင်တန်းပေါ်တွင်လည်း အင်အား(၈၀) ခန့်ရှိသော စစ်ရာဇဝတ်နယ်ချဲ့တပ်( မြန်မာ့တပ်မတော်) သည် မိမိတို့လှုပ်ရှားစစ်ကြောင်းရှိရာသို့ဝင်ရောက်လာသောကြောင့် တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်နောက်ဆုတ်သွား၍ ခေတ္တရပ်တန့်ခဲ့သည်။ ထို့နောက် နေ့လည်(၃) နာရီခန့်တွင်ထပ်မံတိုက်ခိုက်လာခဲ့သောကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ညနေ(၅) နာရီအထိအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ ကြိုကြားကြိုကြားရှိနေသေးသည်။ ဤတိုက်ပွဲများအတွင်း၌လည်း ရန်သူ့ဖက်မှ(၁၀) ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ(၁၅) ဦးကျော်ရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်(၂) ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ နိုဝင်ဘာလ(၁၈) ရက်နေ့၊နေ့လည်(၁၂) နာရီ(၁၀) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ဥယျာဉ်သာရွာမြောက်ဖက်(၁) ကီလိုမီတာခန့်အကွာအဝေးရှိ ရန်သူ့စစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှ မိနစ်အနည်းငယ်ခန့်သွားရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ(၁) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ နိုဝင်ဘာလ(၁၈) ရက် ၊နေ့လည်(၂) နာရီ(၃၀) မိနစ်တွင်လည်း ရသေ့တောင်မြို့နယ်၊ နွားလှကျော်(လိုင်ဂွင်) ရွာအရှေ့မြောက်ဖက်၌ အင်အား(၁၅၀) ခန့်ပါ မြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ညနေ(၅) နာရီနီးပါးအထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ ဤတိုက်ပွဲအတွင်း၌လည်း ရန်သူ(၈) ဦးအားထပ်မံသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ဒဏ်ရာရသူများမှာလည်း (၁၀) ဦးခန့်ရှိခဲ့သည်။ မိမိတို့အနေဖြင့် အထိအခိုက်အနည်းဆုံးဖြင့် ထိရောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သောတိုက်ပွဲတစ်ပွဲလည်းဖြစ်ခဲ့သည်။ ဤကဲ့သို့ ရခိုင်ဒေသအတွင်း အထိအခိုက်အကျအဆုံးများနေသော မြန်မာ့တပ်မတော်သည် အတွဲလိုက်ပစ်ဒုံးများကို တကျော့ပြန်သုံးကာ နေရာ(၄) နေရာမှ ပစ်ခတ်တိုက်ခိုက်ခြင်း နှင့် ရဟတ်ယာဉ်များပေါ်မှ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့်မိမိတို့အနေဖြင့် ရန်သူ့လက်နက်ကြီးပစ်ခတ်မှုများကိုလျော့ချနိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကိုဆက်လက်လုပ်ဆောင်သွားမည်။ မြန်မာ့တပ်မတော်မှ ဤကဲ့သို့ အတွဲလိုက်ပစ်လက်နက်ကြီးများကြောင့် မိမိတို့လက်ထဲတွင်ရှိသောသုံ့ပန်းများဖြစ်ကြသောမြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာလက်နက်ကြီးကျည်ထိမှန်သေဆုံးပါက မြန်မာ့တပ်မတော်၏ တာဝန်သာဖြစ်ကြောင်းသိစေအပ်သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၁၇)ရက္၊ ေန႔လည္ (၂) နာရီခန္႔မွစတင္၍ရခိုင္ျပည္၊ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေညာင္ေခ်ာင္းရြာအေရွ႕ဖက္(၈.၂) ကီလိုမီတာအကြာအေဝး(သို႔မဟုတ္) ရန္းေခ်ာင္းအေရွ႕ဖက္ေတာင္ေၾကာတြင္ ျမန္မာ့တပ္မေတာ္မွ မိမိတို႔လႈပ္ရွားစစ္ေၾကာင္းရွိရာေနရာသို႔က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္ တိုက္ပြဲမ်ားျဖစ္ပြားရျခင္းျဖစ္သည္။ ညေန(၅) နာရီ(၃၀)မိနစ္ခန္႔ အထိအျပန္အလွန္ပစ္ခတ္တိုက္ခိုက္ခဲ့ၾကၿပီး တိုက္ပြဲၾကာျမင့္ခ်ိန္(၃) နာရီ(၃၀) မိနစ္ခန္႔ရွိခဲ့သည္။ ရန္သူသည္ အင္အား(၄၀၀) ခန္႔ျဖင့္ မိမိတို႔အားဘက္(၃) ဘက္မွထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေသာ္လည္း ရကၡိဳင့္တပ္ေတာ္မွ အေကာင္းဆံုးတံု႔ျပန္တိုက္ခိုက္ႏိုင္ခဲ့ေသာေၾကာင့္ အထိအခိုက္အက်အဆံုးအခ်ိဳ႕ျဖင့္ ရန္သူသည္တပ္လန္သြားခဲ့သည္။ ဤတိုက္ပြဲအတြင္း ရန္သူ႔ဖက္မွ (၅) ဦးမ်က္ျမင္က်ဆံုးခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ(၁၀) ဦးခန္႔ထပ္မံရွိႏိုင္သည္။ မိမိတို႔ဖက္မွ အလတ္စားဒဏ္ရာရသူအခ်ိဳ႕မွလြဲ၍ က်ဆံုးမႈမရွိခဲ့ပါ။ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၈) ရက္၊ နံနက္(၉) နာရီ(၃၀) မိနစ္တြင္ ေျမပံုၿမိဳ႕နယ္၊ ရြာသာယာရြာေျမာက္ဖက္(၆) ကီလိုမီတာခန္႔အကြာအေဝးရွိေတာင္တန္းေပၚတြင္လည္း အင္အား(၈၀) ခန္႔ရွိေသာ စစ္ရာဇဝတ္နယ္ခ်ဲ႕တပ္( ျမန္မာ့တပ္မေတာ္) သည္ မိမိတို႔လႈပ္ရွားစစ္ေၾကာင္းရွိရာသို႔ဝင္ေရာက္လာေသာေၾကာင့္ တစ္နာရီခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူသည္ေနာက္ဆုတ္သြား၍ ေခတၱရပ္တန္႔ခဲ့သည္။ ထို႔ေနာက္ ေန႔လည္(၃) နာရီခန္႔တြင္ထပ္မံတိုက္ခိုက္လာခဲ့ေသာေၾကာင့္ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားခဲ့သည္။ ညေန(၅) နာရီအထိအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမွာ ႀကိဳၾကားႀကိဳၾကားရွိေနေသးသည္။ ဤတိုက္ပြဲမ်ားအတြင္း၌လည္း ရန္သူ႔ဖက္မွ(၁၀) ဦးခန္႔ေသဆံုးခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ(၁၅) ဦးေက်ာ္ရွိခဲ့သည္။ မိမိတို႔ဖက္မွလည္း အာရကၡစစ္သည္ေတာ္(၂) ဦးတိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရသည္။ ႏိုဝင္ဘာလ(၁၈) ရက္ေန႔၊ေန႔လည္(၁၂) နာရီ(၁၀) မိနစ္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ဥယ်ာဥ္သာရြာေျမာက္ဖက္(၁) ကီလိုမီတာခန္႔အကြာအေဝးရွိ ရန္သူ႔စစ္ေၾကာင္းအား ရကၡိဳင့္တပ္ေတာ္မွ မိနစ္အနည္းငယ္ခန္႔သြားေရာက္တိုက္ခိုက္ခဲ့သည္။ ရန္သူ(၁) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ႏိုဝင္ဘာလ(၁၈) ရက္ ၊ေန႔လည္(၂) နာရီ(၃၀) မိနစ္တြင္လည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ႏြားလွေက်ာ္(လိုင္ဂြင္) ရြာအေရွ႕ေျမာက္ဖက္၌ အင္အား(၁၅၀) ခန္႔ပါ ျမန္မာ့တပ္မေတာ္၏စစ္ေၾကာင္းတစ္ခုအား ရကၡိဳင့္တပ္ေတာ္မွ ျဖတ္ေတာက္တိုက္ခိုက္ခဲ့သည္။ ညေန(၅) နာရီနီးပါးအထိ တိုက္ပြဲျပင္းထန္ခဲ့သည္။ ဤတိုက္ပြဲအတြင္း၌လည္း ရန္သူ(၈) ဦးအားထပ္မံသုတ္သင္ရွင္းလင္းႏိုင္ခဲ့ၿပီး ဒဏ္ရာရသူမ်ားမွာလည္း (၁၀) ဦးခန္႔ရွိခဲ့သည္။ မိမိတို႔အေနျဖင့္ အထိအခိုက္အနည္းဆံုးျဖင့္ ထိေရာက္စြာတိုက္ပြဲဝင္ႏိုင္ခဲ့ေသာတိုက္ပြဲတစ္ပြဲလည္းျဖစ္ခဲ့သည္။ ဤကဲ့သို႔ ရခိုင္ေဒသအတြင္း အထိအခိုက္အက်အဆံုးမ်ားေနေသာ ျမန္မာ့တပ္မေတာ္သည္ အတြဲလိုက္ပစ္ဒံုးမ်ားကို တေက်ာ့ျပန္သံုးကာ ေနရာ(၄) ေနရာမွ ပစ္ခတ္တိုက္ခိုက္ျခင္း ႏွင့္ ရဟတ္ယာဥ္မ်ားေပၚမွ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားကို ခပ္စိပ္စိပ္ျပဳလုပ္လာေသာေၾကာင့္မိမိတို႔အေနျဖင့္ ရန္သူ႔လက္နက္ႀကီးပစ္ခတ္မႈမ်ားကိုေလ်ာ့ခ်နိုင္ရန္အတြက္ လုပ္သင့္လုပ္ထိုက္သည္မ်ားကိုဆက္လက္လုပ္ေဆာင္သြားမည္။ ျမန္မာ့တပ္မေတာ္မွ ဤကဲ့သို႔ အတြဲလိုက္ပစ္လက္နက္ႀကီးမ်ားေၾကာင့္ မိမိတို႔လက္ထဲတြင္ရွိေသာသံု႔ပန္းမ်ားျဖစ္ၾကေသာျမန္မာ့တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားမွာလက္နက္ႀကီးက်ည္ထိမွန္ေသဆံုးပါက ျမန္မာ့တပ္မေတာ္၏ တာဝန္သာျဖစ္ေၾကာင္းသိေစအပ္သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this