ဗမာတိုင်းရင်းသားများအားရက္ခိုင့်တပ်တော်မှကယ်တင်ပြီးလုံခြုံသည့်နေရာသို့ကောင်းမွန်စွာပို့ဆောင်ပြီး

blog

Date : 17-Mar-2020

Nyo Twan Awng

မြန်မာ့တပ်မတော်၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော ဗမာတိုင်းရင်းသားများအား ရက္ခိုင့်တပ်တော်မှ ကယ်တင်ပြီး လုံခြုံစိတ်ချရသောနေရာ၌ ကောင်းမွန်စွာပြန်လည်ပို့ဆောင်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၇) ရက် ရန်ကုန်တိုင်းအတွင်း မင်္ဂလာဒုံမြို့နယ် ဝါယာလက်ရပ်ကွက်၊ ရေကြည်အိုင်လမ်းရှိ" မိုးထက်မြင့်" တာဝါတိုင်တပ်ဆင်ရေးကုမ္ပဏီမှ ဝန်ထမ်း(၅) ဦးသည် ရခိုင်ဒေသအတွင်းတာဝါတိုင်တပ်ဆင်ရေးလုပ်ငန်းအတွက် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၅) ရက်နေ့တွင် ရသေ့တောင်မြို့နယ်မှဘူးသီးတောင်မြို့နယ်သို့အသွားတွင် မြန်မာ့တပ်မတော်၏ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာအနီး၌ ခံခဲ့ရသည်။ မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိသည့်အပြင် မည်သည့်စစ်ဆေးခြင်းမှမလုပ်ဘဲ (အရပ်သား)ကရိန်းကားတစ်စီးအား မြန်မာ့တပ်မတော်မှ မိုက်ကန်းစွာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့တိုက်ခိုက်ခံရသည့်ကြားမှ ကံကောင်း၍ထွက်ပြေးလွတ်မြောက်လာသော အဆိုပါ ဗမာတိုင်းရင်းသားဝန်ထမ်းများအား ရက္ခိုင့်တပ်တော်မှ မြန်မာ့တပ်မတော်၏လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်တိုက်ခိုက်နေသည့်ကြားထဲမှ ကယ်တင်နိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့(၅) ဦးအား လိုအပ်သောစစ်ဆေးမေးမြန်းမှုအနည်းငယ်ပြုလုပ်ပြီးနောက် လုံခြုံစိတ်ချရမည့်အချိန်၊နေရာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏လက်ထဲ၌ ကောင်းမွန်စွာပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါဝန်ထမ်း(၅) ဦး၏အမည်စာရင်း မှာ (၁) အာကာမင်းထက် (၂) ဖြိုးကိုဇော် (၃) ညီညီအောင် (၄) ပြည့်ဖြိုးအောင် (၅) ဂျေဖူဆဲ တို့ဖြစ်ကြသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this