ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်း အနုပညာ (၂)

article

Date : 22-Mar-2022

Nyo Twan Awng

ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်း အနုပညာ

အပိုင်း(၂)

 

(ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ရွီးသားသည်)

၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၂) ရက်၊ အင်္ဂါနိ

 

တခြားရှုဒေါင့်တခုက ကြည့်သော် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သည် အာရက္ခတိုင်းပြည်ကို တိုက်ယင်းနန့် တည်ဆောက်နီခြင်း ဖြစ်သည်။ ဖိနှိပ်သူနယ်ချဲ့ရန်သူကို မောင်းထုတ်ယင်း ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်ကာ ပြည်သူတရပ်လုံး လိုချင်သောအပြောင်းအလဲ အရွိတခုသို့ရောက်ဟိအောင်ဖန်တီးနီခြင်းလည်းဖြစ်သည်။ တပြိုင်နက်တည်းမှာ တိုက်ယင်းနန့်တည်ဆောက်ထားသော အာရက္ခတိုင်းပြည်၏ရက္ခိုင့်အချုပ်အချာအာဏာ ပိုင်စိုးနယ်မြီ များ နယ်ချဲ့ရန်သူလက်ထဲ ထပ်ပါမလားရအောင်နန့် ထပ်မံမဆုံးယှုံး လားရအောင် ကာကွယ်သည့် အလုပ်ကိုလည်း တပြိုင်နက်တည်းလုပ်နီရသည်။ လက်ကျန်နယ်မြီတချို့ကိုလည်း ရက္ခိုင့်အချုပ်အချာအာဏာပိုင်ဖြစ်ရန် ကြိုးစားလျက် ဟိသည်။

 

တိုင်းပြည်ကိုတည်ဆောက်နီသော အာရက္ခဂေါင်းဆောင်များသည် မိမိရို့ဇာလုပ်နီသည်၊ ဇာခရီးကို ချီတက်နီသည်ကို ကောင်းစွာနားလည်ကတ်သည်။ ဂေါင်းဆောင်ကောင်းရို့မည်သည်ကိုယ့်အလုပ်ကို ကောင်းစွာသိဟိရမည် ဖြစ်တေပိုင် တခြားလူများကိုလည်းညွှန်ပြနိုင်ရမည်။ တော်လှန်ရီးကာလတွင် နောက်လိုက်ကောင်းများ အနီနန့်လည်း ဂေါင်းဆောင်ရို့၏ ချမှတ်ထားသောလမ်းစဉ်ကို အကြွင်းမဲ့ယုံကြည်ပြီး တသွီးတသံတမိန့်ဖြင့် အသင့်အနီအထားဖြစ်နီရန် လိုအပ်သည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်နန့် ရက္ခိုင်ပြည်သူလူထုအကြားတွင် ကောင်းမွန်သော ဆက်ဆံရီး၊ ယုံကြည်မှု၊ နားလည်မှု၊ စည်းလုံးညီညွှတ်မှု၊ ဟန်ချက်ညီ အတက် အဆုတ်ရို့ဟိရန် အထူးလိုအပ်သည်။ ယေမှရာ ဘက်စုံတော်လှန်ရီး ခရီးရှည်တွင် သက်လုံကောင်းကောင်းနန့် ချီတက်နိုင်မည်ဖြစ်သည်။

 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုမွီးဖွားလာခြင်းသည် အာရက္ခရောင်နီဦးကို လင်းဖြာပီးလိုက်ခြင်းနန့်တူပြီး ရက္ခိတ အိပ်မက်ကို ရဲရဲဝံ့ဝံ့မက်ကတ်ရန် သတ္တိထည့်ပီးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်၏မိဘနှစ်ပါးအား ကျေးဇူးတင်ဟိပြီး အေနီရာကရှိခိုးကန်တော့ပါသည်။ ရက္ခိုင်တမျိုးသားလုံးနီးပါးအား အောင်လံတော် တခုတည်း အောက်တွင် စုစည်းမိအောင်လုပ်နိုင်ခသော ရက္ခိုင့်အမျိုးသားဂေါင်းဆောင်ကောင်းတဦးဖြစ်သော ဗိုလ်ချုပ်သည် တခေတ်တွင် တယောက်ထွန်းသော ယှားပါး ဂေါင်းဆောင်မျိုး ဖြစ်သည်။

 

ထို့ကြောင့် ရှာမှယှားသော ယှားပါးထူးခြားသောအရည်အသွီးများကို ပိုင်ဆိုင်ထားသောဂေါင်းဆောင်ကြီး လက်ထက်တွင် အာရက္ခနိုင်ငံတော်မျှော်လင့်ချက်သည် ပို၍ခိုင်မာလာသည်။ အာရက္ခလူငယ်များအနီနန့် အချိန်ဟိခိုက် အသက်ဟိခိုက်အချိန်တွင် ဘက်စုံ တော်လှန်ရီးထဲမှာ တနီရာရာတွင် တာဝန်ထမ်းဆောင်ပြီးသား ဖြစ်နီရမည်။ ရက္ခိုင့်တော်လှန်ရီးဂေါင်းဆောင်အဆက်ဆက်ရို့ တည်ဆောက်ခသော ရက္ခိုင်အမျိုးသား သွီးစည်းညီညွတ်ရီးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်ပြီးမဖြစ်ဖြစ်အောင် တည်ဆောက်နိုင်ခခြင်းမှာအာရက္ခနိုင်ငံတော် တည်ဆောက်ရီး အခန်း ကဏ္ဍ တွင် အဓိကနန့် အရေးကြီးသော သော့ချက်လည်းဖြစ်သည်။

 

“ဘက်စုံတော်လှန်ရီးဟူသည် ရန်သူ့အုပ်ချုပ်ရီးယန္တရား တစုံလုံးအား ရက္ခိုင်ပြည်သူ့အစိုးရ၏ ယန္တရားတစုံလုံးနန့်  အစားထိုးခြင်းပင်ဖြစ်သည်။” အစိုးရတရပ်၏ ကြန်အင်လက္ခဏာများဖြစ်သော တရားစီရင်ရီး၊ အုပ်ချုပ်ရီး၊ ဥပဒေပြုရီး၊ ပညာရီး၊ စီးပွားကူးသန်းရောင်းဝယ်ရီး၊ အခွန်ကောက်ခံရီး၊ အခွန်ထမ်းဆောင်ရီး၊ နိုင်ငံခြားရီး၊ သံတမန်ရီး၊ ဘဏ်လုပ်ငန်း၊ ကျန်းမာရီးဝန်ဆောင်စောင့်ယှောက်မှု၊ သယ်ယူပို့ဆောင်ရီး အစဟိသည့်ကဏ္ဍအပြင် အခြားသော ကဏ္ဍများ ပေါ်ထွန်းလာစီရန်၊ အားကောင်းလာစီရန် လုပ်ဆောင်နိုင်ရမည်။

 

ထို့အပြင် အစိုးရအတွက် ယုံကြည်အားကိုးရသော အဆောက်အအုံများ၊ ဒေါက်တိုင်များ၊အရပ်ဖက်အဖွဲ့ အစည်းများ၊ လူမှုအဖွဲ့ အစည်းများ တည်ဆောက်ခြင်းနန့်အတူ နိုင်ငံတနိုင်ငံ၏ လက္ခဏာရပ်များကို ပီပြင်လာစီရန် မရပ်မနား ကြိုးပမ်းတည်ဆောက်နိုင်ရမည်။ ဘက်စုံတော်လှန်ရီး၏ရလဒ်သည် နီရာတိုင်းတွင် နိုင်ငံတော်ဟူသော ခံစားချက်နန့် လွတ်လပ်သည့်ရနံ့ကို လူတိုင်းရဟိနီရမည်။ တော်လှန်ရီးအသီးသီး၏ အသီးအပွင့် ရလဒ်များသည် တော်လှန်ရီးနယ်ပယ်တိုင်း၌ ဝီဆာနီရမည်။

 

ဆက်ရန်......


Share on social

You may also like this