သက်တမ်းတိုးခြင်း အနုပညာ

article

Date : 21-Sep-2019

Nyo Twan Awng

"သက်တမ်း"ဆိုရေ အချိန်ကာလတစ်ခုကို လူသားတိုင်းကြုံဖူးကတ်တေ။ ပုံစံအမျိုးမျိုးနန့် နီရာအမျိုးမျိုးမှာသက်တမ်းတိုးကတ်တေ။ သက်မဲ့၊သက်ရှိ၊ ဒြပ်ရှိ၊ဒြပ်မဲ့တိ ပုံစံအမျိုးမျိုးနန့်သက်တမ်းတိုးနီကတ်တေ။ အိမ်ငှားသက်တမ်းတိုးခြင်း၊ ဗီဇာသက်တမ်းတိုးခြင်း အစဟိလို့။ နာရီတိလည်ပတ်နီစွာရေ ကမ္ဘာမြီကြီအတွက် သက်တမ်းတိုးခြင်းဖြစ်တေ။ ဝမ်းကြီးမတိအထဲက သန္ဓေသားတိကြီးထွားနီစွာရေ ယင်းအချေ အမိဝမ်းထဲကထွက်လာဖို့သူ့သက်တမ်းကိုသူတိုးနီစွာရာ။ ယင်းပိုင်နည်းတူ ရခိုင်တိအနီနန့် နယ်ချဲ့ကျူးကျော်သူအောက်သားလက်အောက်ကမလွတ်မြောက်နိုင်သိမ့်ဆိုကေ ကျွန်သက်တမ်းတိုးနီစွာဖြစ်တေ။ ကျနော်ရို့အေချင့်ကိုမမိန့်ဖို့လိုရေ။ တော်လှန်ရီးလုပ်နီစွာရေ ကျွန်သက်တမ်းကိုနိဂုံးချုပ်ဖို့ လုပ်နီခြင်းဖြစ်တေ။ မသီသိမ့်လို့အသိဟိနီသမျှကာလပတ်လုံး လူသားတိုင်းလူ့သက်တမ်းကိုတိုးနီကတ်တေ။ ဒေနိုင်ငံမှာတော့ "တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်း"ကို သက်တမ်းတိုးရေဆိုစွာအဂုတလိုင်းခေတ်စားရေ။ရခိုင်တိအတွက်တော့ ယင်းချင့်စွာ ငါရို့လူမျိုးကို အောက်သားတိ စစ်တိုက်ဖို့အတွက် သူများတိ(မဟာမိတ်တိ)ပါမလာအောင် ဘောင်ခတ်ထားရေလှည့်ကွက်တစ်ခုရာဖြစ်တေ။ မွီးနိတစ်ခါကျတိုင်း အသက်တစ်နှစ်ကြီးလားရေဆိုစွာလေ့ မသီမပျောက်ခလို့ သက်တမ်းတိုးခြင်းတစ်မျိုးပ။ ယေဇု, လူတိုင်းစွာ ကိုယ်မွီးနိကို နောက်နှစ်မှာဖြတ်သန်းခွင့်ကြုံဖို့အခွင့်ဟိခကေတစ်နှစ်တာသက်တမ်းတိုးခြင်းဖြစ်တေ။ ကျနော်တောင် နောက်နှစ်ဆိုကေ လူ့သက်တမ်းတိုးစွာလေးဆယ်နားကပ်လားဗျာယ်။ လာဖို့နှစ်မှာသက်တမ်းတိုးမွီးနိကိုတော့ မသီမပျောက်ဟိခကေ,ပုံစံတစ်မျိုးနန့်တိုးလားဖို့စဉ်းစားထားရေ။ လူငယ်ဘဝမှာတော့ သမီးရည်းစားဆိုရေအရသာကိုခံစားဖူးခကေ အေသက်တမ်းတိုးခြင်းမှာနိရက်၊နာရီ၊စက္ကန့်တိကိုရီတွက်ရခြင်းဖြစ်တေ။ အရသာတဗျင်းဟိတေ။တစ်လ၊နှစ်လ၊ ရက်တရာ၊ တစ်နှစ်---စသည်ဖြင့် အချစ်ဗိမ္မာန်ကိုတည်ဆောက်ယင်း ဘဝသစ်တစ်ခုကိုတည်ဆောက်ကတ်ဖို့ အိမ်မက်မက်ကတ်တေ။ အေသက်တမ်းတိုးစွာတိထဲမှာကတော့ အချစ်သက်တမ်းတိုးရေကိစ္စတိထဲမှာ အရသာအဟိဆုံးထင်ရေ။ တိုးတက်မှုပြယုဂ်က လက်ချေကိုင်၊ နဖူးချေနမ်း၊ပါးချေနမ်းနန့် ရက်တိကိုရီတွက်ယင်းအချစ်ရဲ့သင်္ကေတတိကို သက်တမ်းတိုးလို့ထုဆစ်ကတ်တေ။ ကိုယ်နန့်ကြိုက်ခကတ်တေချစ်သူနန့်တတူပေါင်းဖက်ခြင်းမကြုံခကေ သက်တမ်းဆုံးလားပနာ အသည်းကွဲဆိုရေဂေါင်းစဉ်တပ်ကတ်တေ။ ယေဇု သက်တမ်းတိုးခွင့်မကြုံကေ အိုးစားကွဲခြင်းသို့ရောက်လားတတ်တေ။ သက်တမ်းတိုးခွင့်မဟိဘဲ အချစ်အိမ်တိ၊ အချစ်အိမ်မက်တိပျက်ကျလားခတေ အချစ်ဇာတ်လမ်းတိကနိစဉ်နန့်အမျှ။ အဂု, တော်လှန်ရီးကာလမှာ မြင်ရ,ကြားရရေ သက်တမ်းတိုးခြင်းဆိုစွာက —- အုံး၊ မလွယ်။ရခိုင်တိအတွက်ကတော့ တိုး-တိုး မတိုးတိုးဆက်လို့နှက်နီကတ်ရဖို့သိမ့်စွာရာ။ တပ်မတစ်ခုလား၊ နှစ်ခုလား၊ ငါးခုလား၊ ခြောက်ခုလား? ယင်းလောက်ရာကွာလီဖို့။ တနားက သွားတိုးဖို့ပြင်တုန်း သွားတိုးဆီးကုန်စွာနန့်တိုးရေ။ယေဇု, သွားတိုးဆီးတစ်ဗူးအသစ်ဝယ်ပနာ တစ်လစာသက်တမ်းတိုးပလိုက်တေ။ အေဗူးက တစ်လလောက်ရာသုံးရရေ။ နှစ်လလောက်တိုးဖို့ ဗူးကြီးရှာကြည့်စွာမတွိမိသိမ့်။ အမျိုးရို့, တွိကေတစ်ခေါက်ရှာပီးထား။ သက်တမ်းတိုးရေစွာက နီရာတိုင်းမှာဟိရေ။ ပုံစံအမျိုးမျိုးနန့်ဟိကတ်တေ။ အသက်မသီသိမ့်ရေစပ်ကြားကာလမှာတစ်ယောက်တစ်မျိုး,တစ်ရက်တစ်မျိုးနန့် ပုံစံအမျိုးမျိုးနန့် ကျနော်ရို့တိသက်တမ်းတိုးနီကတ်ဖို့သိမ့်ရာ။အမျိုးရို့လေ့, အေနိခါ ဇာပိုင်ပုံစံမျိုးနန့် ဇာနီရာမှာသက်တမ်းတိုးထားပြီးဗျာယ်လား?

ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၁) ရက်၊စနီနိ။


Share on social

You may also like this