(၁၁)လမ်းလျှောက်ယင်းမုန့်စားသောအလိအထကို,ဂျပန်လူမျိုးများလုပ်လေ့လုပ်ထမဟိခြင်းက လမ်းမထက် လူမြင်ကွင်းများပေါ်၌ အမှိုက်များမဟိရသောအကြောင်းများထဲမှ တစ်ချက်ဖြစ်နိုင်သည်။ လုံလောက်သော အမှိုက်ပုံးများနန့် အမှိုက်စွန့်ပစ်ရန်နီရာဟိနီခြင်း၊ကောင်းမွန်သော အမှိုက်သိမ်းစနစ်ထွန်းကားပြီး ဂျပန်လူမျိုးများကိုယ် တိုင်သည်လည်း “စည်းကမ်းဟိသည်”ဆိုသောဂုဏ်ပုဒ်ကို တန်ဖိုးထားလိုက်နာကတ်သောကြောင့်ဖြစ်သည်။ (၁၂)ဂျပန်နိုင်ငံတွင်စွန့်ပစ်သောအမှိုက်များကို ပြန်သုံး၍ ရသောအမှိုက်၊ ပြန်လည်သုံးစွဲ၍မရသောအမျိုးအစား၊ သံပုလင်း၊ဖန်ပုလင်း အစဟိသည်ဖြင့် အမျိုးအစား (၄၄) မျိုးခန့်ခွဲထားသည်။ ဤသည်မှာ အမှိုက်ထဲကရွှီကို ထုတ်လုပ်ရှာဖွီခြင်းပင်ဖြစ်သည်။ အခြားသတိမထားမိကတ်သည့် နောက်တစ်ချက်မှာ တာဝန်ခံမှု၊တာဝန်ယူမှု၊တာဝန်သိတတ်မှု၊ တာဝန်ကျီပွန်မှုရို့ဖြစ်ကတ်သည်။ အမှိုက်များကင်းစင်နီခြင်းက၎င်းနိုင်ငံသူ၊ နိုင်ငံသား တစ်ယောက်ချင်းစီတွင် တာဝန်ခံမှု၊တာဝန်ယူမှု၊တာဝန်ကျီပွန်မှုမည်ရွေ့မည်မျှဟိကြောင်း ပြသနီသည်။ (၁၃)အမှိုက်များပြန့်ကြဲနီခြင်း၊ အမှိုက်များလီနန့်အတူလွင့်မျောနီခြင်း၊ အမှိုက်များ ကမ်းခြီတွင်လှိုင်းစီးနီခြင်း၊ အိမ်ပြင်ပ၊လမ်းမများပေါ်၌အမှိုက်များနီရာတကာဟိနီခြင်းက ယင်းမြို့သူမြို့သား၊နယ်သူနယ်သား ၊ပြည်သူ ပြည်သားများ စည်းကမ်းမဟိခြင်းကိုပြသရာရောက်နီသည်။ ကျနော်ရို့ရခိုင်ဒေသအတွင်းမြို့ အများစုသည် စည်းမဟိ-ကမ်းမဟိမြို့နန့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း အလိအထထွန်းကားနီသောမြို့များအဖြစ် ရောက်မှန်းမသိရောက်ဟိနီခြင်းကို သတိထားမိစီရန် အထူးလိုအပ်နီသည်။ (၁၄)စင်္ကာပူနိုင်ငံသည်အမှိုက်နန့်ပတ်သက်၍တင်းကျပ်သောစည်းကမ်းများကိုထုတ်ပြန်ထားသောကြောင့် “စင်္ကာပူ သည် မြို့တော်သန့်ယှင်းသည်” ဟူသောဂုဏ်ပုဒ်ဖြင့် ဟိုတယ်နန့်ခရီးလားလာခြင်းလုပ်ငန်းကို အထောက်အကူပြုလျှက်ရှိသည်။ ကြိမ်ဒဏ်နန့်စည်းကမ်းသည် စင်္ကာပူ၏ တောက်ပြောင်မှု၊ တိုးတက်မှုကို အထောက်အကူပြုသည်ဟု ယူဆမိသည်။
ခေတ်မှီတိုးတက်သောနိုင်ငံတိုင်းသည် စည်းကမ်းဟိကတ်သည်။ ထို့ကြောင့် ကျနော်ရို့ ရခိုင်လူမျိုးများသည်နီရာတိုင်း၌စည်းကမ်းဟိသောလူ့ဘောင်တစ်ခုကိုအမြန်ဆုံး တည်ဆောက်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်သောလူ့ဘောင်ဖြစ်လာလိမ့်မည်။ (၁၅) အေဂနိကမ္ဘာကြီးတွင်သိသာထင်ရှားသောခြိမ်းခြောက်ခံရမှုအဖြစ် အကြမ်းဖက်မှုအန္တရာယ် Terrorism များ ကိုသာ ဗြီးမြင်ကတ်သော်လည်း တစ်ရက်ထက်တစ်ရက်အန္တရာယ်များလာပြီးတစ်ကမ္ဘာလုံးအား ခြိမ်းခြောက်လာနီသော အရာတစ်ခုမှာ သက်မဲ့ပလတ်စတစ်များ၏ခြိမ်းခြောက်မှု နန့် အန္တရာယ်ပင်ဖြစ်သည်။ (၁၆)ပလတ်စတစ်အန္တရာယ်တစ်စတစ်စကြီးမားလာခြင်းမှာ ပလတ်စတစ်သုံးစွဲသူများ၏စည်းကမ်းမဲ့သုံးစွဲခြင်းနန့် ဗုံးပေါလအောထုတ်လုပ်ရောင်းချခြင်းများ၏ နောက်ဆက်တွဲဆိုးကျိုးများပင်ဖြစ်သည်။ ပလတ်စတစ်အန္တရာယ်၏ခြိမ်းခြောက်မှုသည် Climate Change ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း၏ဆိုးကျိုးများကြောင့်ဖြစ်ပေါ်လာသောအန္တရာယ်များ၏ခြိမ်းခြောက်မှုထက်ပိုသောအဆင့်သို့ရောက်ဟိလာခသည့်အပြင် သတိမထားမိသောအခြီအနီ တစ်ရပ်အောက်တွင် စိုးရိမ်မှတ်ထက်ကျော်လွန်လာခပြီးဗျာယ်ဖြစ်သည်။ (၁၇)ကျနော်ရို့သည် တန်းတူအခွင့်အရီးတိုက်ပွဲများနန့်ကျင်ကိုင်နီကတ်သောအချိန်များအတွင်း ပတ်ဝန်းကျင်၌ဖြစ် ပျက်နီသည်များထဲမှသတိမထားမိလိုက်သော အကြောင်းအရာများစွာထဲတွင် ပလတ်စတစ်သည်ထိပ်ဆုံးမှ ပါဝင်နီသည်။ လူသားရို့စွဲလန်းစွာသုံးစွဲနီကတ်သောလူ့အသုံးအဆောင်ပစ္စည်းများထဲတွင် ပလတ်စတစ်ကို သုံးစွဲနီကတ်ခြင်းမှာယဉ်ကျေးမှုတစ်ခုမှစွဲလန်းခြင်းတစ်ခုသို့ရောက်မှန်းမသိ ရောက်ဟိနီခဗျာယ်ဖြစ်သည်။ (၁၈)ကမ္ဘာကြီး၏နီရာတိုင်းတွင် ပလတ်စတစ်ကိုသုံးစွဲနီကတ်ပြီး ရီအောက်သမုဒ္ဒရာသည် ပလတ်စတစ်ကမ္ဘာဖြစ်လားခပြီးဗျာယ် ဖြစ်ကြောင်းကို ရီငုတ်သူတစ်ဦးမှ ရိုက်ကူးတင်ပြထားသောဗွီဒီယိုဖိုင်တွင် တွိမြင်နိုင်သည်။ သူသည် ရီငုတ်နီယင်း တွိနီရသောပလတ်စတစ်များမှာ သီးသန့်ကမ္ဘာတစ်ခုအလား ထင်မှတ်ရလောက်အောင်ပင် ပလတ်စတစ်များ,များပြားနီသည်ကို၎င်းဗွီဒီယိုဖိုင်ထဲတွင်တွိဟိရသည်။ (၁၉)တစ်ရက်လျှင် တန်ချိန်ဘီလီယံပေါင်းများစွာသောပလတ်စတစ်များမှာ ပင်လယ်ထဲသို့စုပြုံရောက်ဟိနီက တ်သည်။ မိနစ်တိုင်းစက္ကန့်တိုင်း လူသားများ၏ ကိုယ်လွတ်ရုန်း၍စွန့်ပစ်နီကတ်သော အမှိုက်များသည် ထရပ်ကားတစ်စီးစာထက်ပိုသည်။စက်ရုံများမှပုံစံအမျိုးမျိုးဖြင့်ထုတ်လုပ်ထားသောသက်မဲ့ပလတ်စတစ်များကို သက်ဟိလူသားများကသုံးစွဲပြီးစွန့်ပစ်နီကတ်သည်။ထို့ကြောင့်ကမ္ဘာတွင် ခြွင်းချက်နီရာအနည်းငယ်မှလွဲ၍ ပလတ်စတစ်ကင်းမဲ့ဇုန်များ မဟိသလောက်အနီအထားသို့ ရောက်မှန်းမသိရောက်ခရဗျာယ်ဖြစ်သည်။ (၂၀)ပလတ်စတစ်ကမ္ဘာဟုတင်စား၍ရလောက်သည်အထိ တစ်ကမ္ဘာလုံးထုတ်လုပ်သုံးစွဲစွန့်ပစ်နီကတ်သည်။ ထို့ကြောင့် ဂနိအချိန်တွင် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်ခံရမှုတွင် ပလတ်စတစ်ပြဿနာ (Plastic Pollution) သည်ထိပ်ဆုံးမှနီရာယူလျက်ဟိသည်။ Climate Change ကမ္ဘာ့ရာသီဥတုဆိုင်ရာပြောင်းလဲမှုအန္တရာယ်ထက် ပလတ်စတစ်အန္တရာယ်သည် သက္ကရာဇ် ၂၀၅၀ တွင် အဂုထက် လေး-ငါးဆခန့်တိုးလာနိုင်ဖွယ်ဟိကြောင်း သိပ္ပံပညာရှင်များကတွက်ချက်ပြောဆိုထားကတ်ပြီးဖြစ်သည်။
ရခိုင်လူမျိုးDr.ညိုထွန်းအောင် ဆက်ရီးပါအုံးမည်။
«<ကိုးကား»> World Economic Forum, ITV News, Greenpeace International, Hashem Al-Ghaili , 1 Million Women, We Need This, (Facebook Page) and Wikipedia